Part-4

975 66 3
                                    

Uni

Win'D- မင်းဒီအချိန်ကြီးဘယ်ကနေ‌ပြန်လာတာလဲပြောစမ်း😡

Win'M- ကိုယ်ရေ ဟိုလေ ဟို ......
အိပ်မပျော်လို့ ပင်လယ်လေထွက်ရှုတာပါ ကိုယ်က တစ်ရေးနိုးတာလား😗

Win'D- ဒီအချိန် ပင်လယ်လေ ရှုရအောင် ဖျားပြီးသေချင်လို့လား😡

Win တို့ရဲ့ပါပါးက အပြောကြမ်းပြီး အမြဲအော်နေပေမယ့် သူ့မိသားစုကိုတော့ တကယ်ချစ်တယ် အလေးထားတယ် ဒါကိုလည်း တစ်အိမ်လုံး သိကြပါတယ်

Win'D- သွား ဆေးကြိုသောက်ထား ပြန်အိပ်တော့

Win'M- အင်း

🌅🌅

မနက်မိုးလင်းလာတော့ Win တို့မာမား ဖျားပြီလေ

Win'D- ငါမင်းကိုမပြောဘူးလား အခုဖျားပြီ ကလေးတွေကိုကူးရင်ဘယ်လိုလုပ်မလဲ ဟမ် ငါ့စကားကိုနားမထောင်ဘူး ညကဆေးမသောက်ဘဲအိပ်တာမလား😡😡

Win'M- အင်း ဟုတ်တယ် မေ့သွားတာ😁

အဲ့အချိန်မှာ Bright ရဲ့ဖေဖေရောက်လာပါတော့တယ်

Bright'D- ခင်ဗျားအမျိုးသမီးနေမကောင်းဘူးဆိုလို့ ကျွန်တော့်မိန်းမက ဆန်ပြုတ်လုပ်ပေးလိုက်တယ်ဗျ ဒီမှာပါဗျ😊

Win'D- အော် ဟုတ်ကဲ့ ကျေးဇူးပါဗျ တကယ်ဆို မလိုပါဘူးဗျာ ဒီမှာလည်းရနိုင်တာပဲကို😊 ပြီးတော့ ကျွန်တော်တို့က ဒီနေ့ ဘန်ကောက်ကိုပြန်တော့မလို့ဗျ

Bright'D- ဗျာ စောတယ်နော် 🙄

Win'D- ဟုတ်တယ် ရှင်မ နေမကောင်းလို့လေ  Top, Win ပစ္စည်းတွေသိမ်း ဘန်ကောက်ကိုပြန်မယ်

Win- ဒါမယ့် ......

Top  ကWin ရဲ့လက်ကို လှမ်းဆွဲပြီး ဆံပင်ပျော့ပျော့လေးတွေ ဝဲသွားလောက်အောင် ခေါင်းလေးယမ်းပြလိုက်တယ် Win ကနေချင်သေးတာသိပေမယ့် ပါပါးက စိတ်တိုနေလို့ ပြန်ကြတာပဲကောင်းတယ်လေ

Top- လာ ပစ္စည်းတွေသိမ်းကြမယ် နောက်တစ်ခေါက်မှထပ်လာတာပေါ့😗

Win- ဟုတ်😔

အဲ့နောက်မှာတော့ Bright တို့မိသားစုကို နှုတ်ဆက်ပြီး ထွက်လာခဲ့တယ် ခနကြာတော့ ကားကိုထိုးရပ်လိုက်တယ်

dear neighbor🏘️👬 Where stories live. Discover now