Part-49

556 43 13
                                    

Uni

Bright- မင်းကို ငါ အေးဆေး‌သေခွင့်မပေးပါဘူး စိတ်ချ ငါ့လူကို လာထိမိတာ မင်းနောင်တ ‌ရနေလိုက်တော့ Green လာ သူ့ကို ဖမ်းထားလိုက်

Cut Cut

Teacher- Bright ရေ Green မဟုတ်ဘူးလေ နာမည်မှားနေပြန်ပြီ ပွဲက နှစ်ရက်ပဲ လိုတော့တာနော် ကြားထဲမှာလည်း လေ့ကျင့်ချိန်တွေကို ပျက်ထားသေးတယ်

Bright- Sorry ကျွန်တော် Green ကိုပဲ ခေါ်နေကျမလို့ပါ ပြန်စကြတာပေါ့

ကျွန်တော်တို့ ကျောင်းက ဒီဇင်ဘာအတွက် ပြဇာတ်ပွဲအတွက် လေ့ကျင့်နေရတယ် ဒါမျိုးတွေက ဘန်ကောက်မှာပဲ ရှိတယ်ထင်ခဲ့တာ ဒီကို ပြောင်းလာလို့ လွတ်ပြီ ထင်ခဲ့တာလေ တစ်လွဲတွေပဲ

Teacher- ကဲကဲ 15မိနစ် နားရအောင်

Green- Bright ငါ့နာမည်ပဲ တ မနေပါနဲ့လား

Bright- ကျွန်တော်ကရော မှားချင်ပါ့မလား ပါးစပ်က ယောင် ယောင်သွားတာကို

Green- အဲ့တာ မင်းလေ့ကျင့်ချိန်တွေ ပျက်လို့
ဖြစ်တာ

Bright- မပျက်လို့ ရမလား ယုန်ပေါက်လေးက တကူးတကကြီး ဘန်ကောက်ကနေ လာတာလေ သူ့ကို အချိန်ပေးရမှာပေါ့

Green- အေးပါ ဟုတ်ပါပြီ နှစ်ရပ်အတွင်းအမှီ ဇာတ်ညွှန်းတွေကျက်ထား

Bright-ဘာ ဇာတ်ညွှန်းကြီးလဲ မသိဘူး ကျွန်တော်နဲ့ မလိုက်ဘူးလို့ ခံစားရတယ် ဒါမယ့် အဲ့နေရာမှာ သရုပ်ဆောင်လိုက်တော့လေ လူသတ်ချင်စိတ်တွေ ပေါက်လာတယ် အဲ့ ကာရိုက်တာကို နားလည်လာတယ် ပိုက်ဆံရှိရင် အားလုံးဖြစ်နိုင်တာပဲ

Green- မဟုတ်သေးဘူး Bright အဲ့ ဇာတ်လမ်းရဲ့ ရည်ရွယ်ချက်ကဘာလဲသိလား

Bright- ပိုက်ဆံတန်ဖိုးလား

Green- မဟုတ်ဘူး ပိုက်ဆံရှိတိုင်း ဘဝင်မမြင့်ဖို့ ပိုက်ဆံက အရာရာကို မလုပ်နိုင်ဘူး ဆိုတာကို မှတ်ထားပါ မဟုတ်ရင် လမ်း‌မှားရောက်လိမ့်မယ်

Bright- ကျွန်တော် အရင်က အဲ့လိုပဲ တွေးခဲ့တာ ဒါမယ့် ကိုယ်တိုင် ပိုက်ဆံရှိလာတဲ့ အခါကျ ဘယ်လိုလို့ အဲ့လိုတွေးမိမှန်း မစဉ်းစားတတ်တော့ဘူး

dear neighbor🏘️👬 Donde viven las historias. Descúbrelo ahora