Part-37

661 59 16
                                    

Uni

Fongကတော့ ပန်းခြံ‌တွေ ကော်ဖီဆိုင်တွေ အကုန်လိုက်ရှာခဲ့ပေမယ့် ရှာလို့မတွေ့ခဲ့ဘူး နောက်တော့ ပန်းအိုးကွဲစတွေကြားထဲလဲနေတဲ့ Ohmရဲ့ အခန်းတံခါးကပွင့်လာပြီး အထဲကို ဝင်လာတဲ့ လူတစ်ယောက်က ဒေါ်လေး

Woman- Ohm သားလေး သားလေး ဘာဖြစ်တာလဲ

🚑🚑🚑

Win- လူနာနောက်တစ်ယောက် ထပ်ရောက်လာတာနေမယ် ဆူညံနေတာပဲ

Mike- ငါသွားကြည့်လိုက်အုံးမယ်

Top- မင်းနဲ့ ဘာဆိုင်လို့လဲ

Mike-သိချင်လို့လေ အကိုရယ် သွားကြည့်အုံးမယ် ခနလေး

ဆေးရုံအခန်းထဲကို အားလျော့နေတဲ့ ခြေထောက်တွေနဲ့ ချွေးတွေရွှဲရင်း ပြန်ရောက်လာတဲ့ Fong

Mike- Fong ရှာမတွေ့ခဲ့ဘူလား

Fong- အင်း မတွေ့ခဲ့ဘူး

Mike- စိတ်မပူပါနဲ့ Ohm က ကလေးမဟုတ်တော့ပါဘူး သူ့ဘာသာ စောင့်ရှောက်နိုင်ပါတယ် ခုနက လူနာအသစ်တစ်ယောက် ထပ်လာတယ်ထင်တယ်  ငါသွားကြည့်မလို့ လိုက်အုံးမလား

Fong- မလိုက်ချင်ဘူးကွာ နားအုံးမယ်

Mike- အေးမလိုက်နဲ့

Mike လည်း တစ်ယောက်တည်းထွက်လာရင်း ဘေးနားကဖြတ်သွားတဲ့ nurse ကိုမေးလိုက်တယ်

Mike- လူနာထပ်လာလို့လားဗျ

Nurse- ဟုတ်တယ်ရှင့် ပန်းအိုးကခေါင်းပေါ်ပြုတ်ကျတာတဲ့ ခေါင်းကွဲသွားတာလေ တစ်ကိုယ်လုံးလည်း ဒဏ်ရာတွေ ချည်းပဲ

Mike- ဟုတ်လားဗျ တော်တော် ဆိုးတာပဲနော် သနားပါတယ်

Nurse- ဟုတ်တယ် သူ့ရဲ့ အုပ်ထိန်းသူကလည်း ငိုယိုနေတယ် နှလုံးရောဂါအခံလည်း ရှိတယ်တဲ့

Mike- နှလုံးရောဂါအခံဆိုကာမှ ကျွန်တော့်သူငယ်ချင်းကိုတောင်သတိရသွားပြီဗျ သူ့နာမည်ကဘာတဲ့လဲဗျ

Nurse- အမ် တောင်းပန်ပါတယ်ရှင့် လူနာရဲ့ အချက်အလက်တွေ ပြောပြလို့မရလို့ပါ

Mike- နာမည်လေးပဲလေဗျာ နော် နော် ကျွန်တော်က စပ်စုတတ်လို့ပါဗျ

dear neighbor🏘️👬 Where stories live. Discover now