Part-28

633 65 12
                                    

Uni

Jennie- သားလေး Bright တစ်ယောက်တည်း မတ်တပ်ကြီး ဘာတွေပြောနေတာလဲ

Bright- အော် မဟုတ်ပါဘူးဗျ သီချင်းဆိုနေတာပါ

Jennie- အေးအေး သမီး Prim လေးကလာပြောတယ် သားအလုပ်ဝင်မှာမလား မန်နေဂျာချုပ်နေရာကိုပေးထားတယ်သိလား

Bright- ဒါဆို ပထမ မန်နေဂျာချုပ်ကရောဗျ

Jennie- အော်သားလေး အလုပ်ဝင်မှယလေ သူ့ကို ဖြုတ်ပစ်လိုက်တာပေါ့ ကိစ္စမရှိပါဘူး

Bright- အော်ဟုတ်ကဲ့ ကောင်းပါ့မလားဗျ

Jennie- သား အန်တီပြောပြထားမယ် ဒီကုမ္ပဏီမှာ ဘယ်သူ့မှ ကြောက်စရာမရှိဘူး သားက Shine ကုမ္ပဏီရဲ့ သမက်လောင်း နားလည်လား

Bright- ဟုတ်ကဲ့ဗျ ဒါနဲ့လေ လုံခြုံရေးနှစ်ယောက်ကလေ လူပြောင်းသွားတယ်နော် ဟိုတစ်ခါ လူတွေမဟုတ်တော့ဘူး

Jennie- ဟုတ်တယ် သမီးကလာပြောတယ်လေ သားကို တားကြတယ်ဆို အဲ့တာကြောင့် စီရင်ပေးလိုက်တာ

Bright- စီရင်တာလား??

Jennie- အော် မလန့်ပါနဲ့ သားရယ် လာလာ သားရဲ့အလုပ်နေရာလိုက်ပြမယ်

Bright- ဟုတ်ကဲ့
* ငါ မင်းတို့ မိုက်ရိုင်းထားတဲ့ ပြစ်မှုတွေကိုဖော်ပြမယ် စောင့်ကြည့်နေ ငါနဲ့Win ကိုခွဲရဲတယ်ပေါ့ ဝဋ်လည်စေရမယ် *

Bright ကုမ္ပဏီမှာ အလုပ်ဝင်ပြီးပြီးချင်း အရင်ဆုံး စစုံစမ်းခဲ့တာက လုံခြုံရေး နှစ်ယောက်အကြောင်း အချက်အလက်တွေရှာတွေ့တော့ မိသားစုတွေဆီ လူလွှတ်ပြီး မေးခိုင်းခဲ့တယ်

Man-  သူ့မိသားစုတွေ ပြောပုံအရကတော့ အိမ်ပြန်မလာကြတာ သုံးရက်လောက်ရှိပြီလို့ပြောတယ် 

Bright- ဟုတ်လား ကျေးဇူးတင်ပါတယ် P'First

First- ငါကူညီမှာပါ မင်းလိုအပ်တာ ငါ့ကိုပြောပါ မင်းနဲ့ငါက တစ်လှေတည်းစီးတွေပဲလေ

Bright- အကိုကရော ဘာလို့ ဒီကုမ္ပဏီကို ပြိုကွဲစေချင်တာလဲ

First- ငါက လက်စားချေချင်တာ  ငါက အစကတော့ သာမန်ပဲပေါ့ အလုပ်ဝင်လုပ်တာ ငါ့အကိုက ဒီမှာ အလုပ်ရပြီးသား အစထဲကလေ ငါလည်း သူရှိတော့ ဒီမှာပဲ အလုပ်ဝင်လိုက်တာ သိပ်မကြာသေးဘူး တစ်လကျော်ကျော်လောက်ပေါ့ ငါက စာရင်းကိုင်နဲ့ ဝင်ပေမယ့် ငါ့အကိုကဝောာ့ မင်းရဲ့နေရာမှာပေါ့

dear neighbor🏘️👬 Hikayelerin yaşadığı yer. Şimdi keşfedin