Part - 33

630 66 14
                                    

Uni

ကျွန်တော်သူ့ကို ဖက်ထားရင်း ထွက်မသွားဖို့ပြောနေခဲ့ပေမယ့် ကျွန်တော်ရဲ့ ဖက်ထားတဲ့ လက်ကို ဖြုတ်ချပြီး ပြုံးပြရင်း အဝေးကို ထွက်သွားရင်း ပျောက်ကွယ်သွားတယ်
ကျွန်တော် အိမ်မက်ထဲမှာတောင် အပစ်ခံရတာပဲ သူ့ကိုမဖက်ရတာ မတွေ့ရတာ တကယ်ကြာပြီ ကျွန်တော်သူ့ကိုလွမ်းတယ် ဒါမယ့် အိမ်မက်ထဲမှာတောင် အပြည့်အဝ ဖက်ခွင့်မရလိုက်ဘူး

Winသတိပြန်လည်လာတဲ့အချိန် ညလယ်လောက်ဖြစ်နေပြီ အောက်ထပ်ကို ဆင်းလာတော့ Fong နဲ့ Ohm က ဆိုဖာပေါ်မှာ ဖက်ပြီးအိပ်နေကြတယ်

Win- သူတို့ကလည်း အပျော်သာပြောတာ ဘယ်လိုတွေမှန်းလဲမသိပါဘူး

Mike ကတော့ သူ့ရည်းစားအခန်းထဲမှာ အေးဆေး နေ နေတယ် တစ်အိမ်လုံး တိတ်ဆိတ် နေချိန် စာဖတ်ခန်းကနေ အလင်းရောင်ထွက်နေတယ် ပြီးတော့ စကားပြောသံလည်း ကြားရတယ် အနားကို ဖြေးဖြေးချင်းစီ သွားတော့ စကားသံကို ပြတ်ပြတ် သားသား ကြားရတယ်

Win'D- မင်းက သစ္စာဖောက်ပဲ မင်းကို ကျွေးမွေးခဲ့ရကျိုး မနပ်ဘူး

Man- ကျွန်တော်လည်း မတတ်သာလို့ပါ

Win'D- မတတ်သာလို့ပါ ဟုတ်လား ငါ့မိန်းမက မင်းကြောင့် သေသွားခဲ့ရတာလေ

Win- ပါပါးနဲ့ ပြောနေတာ ဘယ်သူလဲ သစ္စာဖောက်လား မာမားကသူ့ကြောင့်သေတာလား ဘာတွေလဲ ဒါဆို သူက ဟိုမိန်းမကြီးနဲ့ တစ်ဖွဲ့တည်းပဲ

အနားကိုဖြေးဖြေးတိုးပြီး တံခါးထောင့်‌ကနေ ကြည့်လိုက်တော့ နောက်ကျောပဲမြင်ရတယ်

Win'D-မင်း ဘာသတင်းတွေပေးလိုက်လဲ

Man- ဟို Bright ကအကြံနဲ့ ဆိုတာကို သိသွားကြပြီ

Win'D-ဘာ သူကကော ဘာဆက်ဖြစ်မှာလဲ

Man- ကျွန်တော်လည်း မသိဘူး သူ့ ရဲ့စိတ်ဓာတ်နဲ့ ဆိုရင်တော့ အသတ်ခံရမလားပဲ

ကြားလိုက်ရ‌တဲ့ စကားကြောင့်Win ဖင်ထိုင်ရက် ထိုင်ကျသွားခဲ့တယ် အပြင်ကနေ အသံကြားလို့ အထဲက လူနှစ်ယောက်လည်း ထွက်လာကြတယ်

မော့ကြည့်လိုက်တော့ ပါပါးရယ် ပြီးတော့ သစ္စာဖောက်ဆိုတဲ့ တစ်ယောက်က

dear neighbor🏘️👬 Where stories live. Discover now