Chapter13

2K 507 33
                                    

[Unicode]

အခန်း ၁၃ - တောင်းပေါက်နဲ့ ရေသယ်ခြင်းသည် အလဟဿအင်အား ဖြုန်းတီးခြင်းပင်။

တင်းဟန်ပိုင်သည် တစ်ရက်ထက်ပိုပြီး သဘောကောင်းပေးတတ်သည့်သူမျိုးမဟုတ်ပေ။မနေ့ညက တစ်ဖက်လူကို မျက်နှာသုတ်ပေး ၊ စားစရာများယူပေးခဲ့ပြီး အရမ်းဂရုစိုက်ပေးခဲ့သော်ငြားလည်း နောက်တစ်နေ့တွင်တော့ သူနိုးလာသည်နှင့် စစ်ဆေးရန်အတွက် တံခါးကို တဒုန်းဒုန်းသွားထုလေသည်။ထိုရက်အနည်းငယ်အတွင်း သူ၏သိလိုစိတ်သည် မနေနိုင်မထိုင်နိုင်ဖြစ်အောင် စိတ်အနှောင့်အယှက်ပေးနေကာ ဖြေရှင်းချက်တစ်ခုကို သူလိုအပ်နေသည်။

ကျီရှန်ယွီ၏အိမ်မက်များသည် တံခါးထုသံကြောင့် ဖျက်ဆီးခံလိုက်ရ၏။သူသည် သူ့ခေါင်းကိုဝှက်ရန် ခေါင်းအုံးအောက်သို့ တန်းတန်းမတ်မတ်လျှိုဝင်လိုက်သည်။ခဏကြာသည့်အခါ အပြင်ဘက်ရှိဓားပြကြီးသည် တံခါးကိုကန်ဖွင့်ကာ အထဲသို့ အပြေးအလွှားဝင်လာပြီး အိပ်ရာဘေးတွင် ဝင်ထိုင်ကာ သူ့ကိုလှုပ်နှိုးနေရင်း ရုတ်ရုတ်ရုတ်ရုတ်လုပ်နေသည်။

"မြန်မြန်ထစမ်းပါ"

လှုပ်နှိုးနေသည့် တင်းဟန်ပိုင့်အားများသည် ပိုများလာပြီး ကျီရှန်ယွီ၏နောက်ကျောပေါ်သို့ ဗိုင်းခနဲကျသွားလေသည်။မမျှော်လင့်ထားစွာပဲ ဂျွတ်ဟူသော အရိုးကျိုးသည့် အသံတစ်သံထွက်ပေါ်လာသည်။

"အခုတစ်လော တစ်ယောက်ထဲ အခန်းထဲမှာပဲနေပြီး ဘာတွေများလုပ်နေတာလဲ ၊ တစ်ပတ်လုံး ရေချိုးဖို့မစဥ်းစားတော့ဘူးလား ၊ သန့်ရှင်းရေးလုပ်ဖို့ ထွက်မလာတော့ဘူးလား?"

ကျီရှန်ယွီသည် သူ့လက်ကိုထုတ်လိုက်ကာ သူ့နောက်ကျောပေါ်သို့ ကာလိုက်သည်။ 'ရေချိုး' ဟူသောစကားကို ကြားလိုက်သည့်အခါ ချက်ချင်းပင် ပြန်ပြောသည်။

"နောက်မှ ကျွန်တော် ဟွားချင်ရေကန်ကိုသွားပြီး ချွေးထုတ်ခန်းထဲမှာ ကျွန်တော်ဘာကျွန်တော် ချွေးသွားထုတ်လိုက်မယ်"

ကျီရှန်ယွီသည် သူဘာသူလှည့်လာပြီး ထထိုင်လိုက်သည်။အိပ်ရေးဝထားသည်ကြောင့် အိပ်ချင်မူးတူးဖြစ်နေသည့်မျက်ဝန်းအနေအထားမျိုး မရှိဘဲ ကြည်လင်မှုများနှင့်သာ ပြည့်နှက်နေ၏။တင်းဟန်ပိုင်သည် သူ၏လက်မောင်းဝက်လောက် အကွာတွင် ထိုင်နေသည်။

ဆွေ့ယွီထုံကျူး [မြန်မာဘာသာပြန်]Where stories live. Discover now