Chapter 44

2.5K 400 118
                                    

[Unicode]

အခန်း ၄၄–ညအချိန် သစ်ကိုင်းများပေါ်၌ နှင်းများကျဆင်းနေလျက် ငှက်ထီးများသည်ကား တောင်ပံတဖျပ်ဖျပ်ဖြင့်။

တင်းဟန်ပိုင်သည် ကောင်ကင်ရောကမ္ဘာမြေကြီးကိုပါ ပင့်တင်ထားနိုင်သည့်ယောကျ်ားမျိုးဖြစ်သော်လည်း လူသားတစ်ယောက် လုပ်ထိုက်သည့်အရာများကိုကား သူ မနှစ်သက်ပေ။ကားမတော်တဆမှုဖြစ်ပြီးသွားနောက် ဓာတ်တိုင်မှာ သူ့ထက်ပင် ပိုပြီး ပြင်းပြင်းထန်ထန်ထိခိုက်သွားခြင်းဖြစ်သော်လည်း သူသည် ဟိုဟာအမိန့်ပေးလိုက် သည်ဟာအမိန့်ပေးလိုက်ဖြင့်။မနက်စောစော၌ သူ နေထိုင်မကောင်းဖြစ်ကြောင်းတောင် ညည်းညူနေပါသေးသည်။

ကျီရှန်ယွီ လက်ဖက်ရည်ထည့်ပေးသည်။ရေထည့်ပေးသည်။ဒီလိုလူမျိုးနှင့် အပြန်အလှန်ချစ်ကြိုက်နေမိမှာတော့ သူ ဘာတတ်နိုင်ဦးမှာလဲ? ရေနွေးတစ်ဇလုံ နှင့် လိမ်းဆေးနှစ်မျိုးသုံးမျိုး။သူ တင်းဟန်ပိုင်ကို မျက်နှာသစ်ပေးကာ ဆေးလိမ်းပေးချင်သည်။ထိုသူ့နဖူးရှိ ပိတ်စကို တစ်လွှာပြီးတစ်လွှာ ဖယ်ရှားပြီးနောက် သူ တအံ့တသြပြောလေသည်။

"ရှစ်ကောက ဘာလဲ အဖိုးထိုက်တဲ့တော်ဝင်မင်းသမီးလား? ပလာစတာလောက်နဲ့ပြီးမဲ့ဒဏ်ရာကို ပတ်တီးစီးလာသေးတယ်"

တင်းဟန်ပိုင် ကုတင်ခေါင်းရင်းကို မှီကာ တစ်ဖက်လူကို သူ့စိတ်တိုင်းကျ ပြမူခွင့်ပြုထား၏။ကျီရှန်ယွီ၏မကျေမနပ်ပြောဆိုခြင်းမှာ မပြီးသေးပေ။

"ကျွန်တော့်ကို ခြောက်လှန့်တာက ရတယ် ၊ ဒါပေမယ့် ရှစ်ဖောနဲ့ရှစ်မုတစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ?"

သူ ပလာစတာကို ဆွဲခွာလိုက်ကာ ထိုခေါင်းပေါ်သို့ တန်းဖိကပ်ပေးလိုက်သည်။

"ခေါင်းမော့လိုက် ၊ လည်ပင်းပါသုတ်ပေးရအောင်လို့"

တင်းဟန်ပိုင် ကြယ်သီးနှစ်လုံးကို ဖြုတ်ကာ သူ့လည်တိုင်ကို ဆန့်လိုက်ပြီး မျက်လုံးများကို မှိတ်ရင်း သုတ်ပေးရန် စောင့်နေလေသည်။သူ့အသားအရေပေါ်သို့ ပွတ်တိုက်ပေးနေသော ခပ်ပူပူရေသည် စိုစွတ်ကာ တော်တော်လေးပူသည့်တိုင် ဖိအားသည်တော့ အတော်အသင့်ပင်။သူ့မေးစေ့မှ ညှပ်ရိုးအထိ။ ထို့နောက် အလွန်တရာ ညင်သာစွာဖြင့် သူ့လည်စလုတ်ပေါ်သို့။သူ့လည်ပင်းမှာ ယားယံနေပြီး ကျီရှန်ယွီ၏ဝင်သက်ထွက်သက်သည်လည်း သူ့နားနှင့် နီးလွန်းရာ နားများပါ ယားယံလာတော့သည်။

ဆွေ့ယွီထုံကျူး [မြန်မာဘာသာပြန်]Where stories live. Discover now