Chapter 33

2.4K 457 104
                                    

[Unicode]

အခန်း(၃၃) ဘယ်သူကမင်းကို ကြိုက်လို့လဲ။

တင်းဟန်ပိုင်နှင့် ကျီရှန်ယွီ ပွင့်ပွင့်လင်းလင်း ဝန်ခံကြလေသည်။ ဖုံးကွယ်လို့လည်း မရ‌တော့။ ကျီရှန်ယွီ မျှော်လင့်ထားသလို အဆူမခံရပေ။ တစ်နည်းအားဖြင့် နူးညံ့ညင်သာသောစကားများ အပြောခံလိုက်ရ၍ ရုတ်တရက်ကြက်သေသေသွား၏။

ခေတ္တကြာသောအခါ သူအင်တင်တင်နှင့်ပြောလိုက်သည်။

" မနာပါဘူး "

တင်းဟန်ပိုင် ထွက်မသွားခင် အရာအားလုံးကိုမေ့‌နေပြီး သူ့အကြည့်သည် တစ်ဖက်လူအပေါ်တွင် မြဲမြံ‌နေခဲ့သည်။ သူထွက်သွားတယ်လို့ ထင်ရသော်လည်း တကယ်တမ်းတော့ ထွက်ပြေးသွားတာဖြစ်သည်။ တစ်ဖက်လူ၏ မျက်နှာအမူအရာသည် သူနေ့စဉ်တွေ့နေရပြီး အလွန့်အလွန်ရင်းနှီးသောပုံစံပင်။ သေချာစဉ်းစားကြည့်လျှင် သူတခြားလူတစ်ယောက်၏ပုံကို ‌ပုံဖော်ထားခဲ့သည်။ ထိုလူနှစ်ယောက်သည် ထပ်တူကျနေသောအခါ သူ့ရည်မှန်းချက်အတွက် စိတ်အားထက်သန်မှုများသည် တဖြည်းဖြည်းလျော့ကျလာပြီး ဇဝေဇဝါဖြစ်သွားသည်။

သူကိုယ့်ကိုယ်ကိုယ် နားမလည်နိုင်တာ တစ်ကြိမ်နှစ်ကြိမ် မကတော့ချေ။ အကြောင်းပြချက်ကို ဘယ်အချိန်မှ နားလည်နိုင်မှာလဲ။

တင်းဟန်ပိုင်ဒီတစ်ကြိမ်တော့ သတ္တိမရှိ၍ ထိုအ‌ကြောင်းပြချက်ကို သိအောင်မကြိုးစားဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီး လုံးဝမစဉ်းစားတော့ပေ။

နောက်တစ်နေ့တွင် ယွီရှောင်းကျီ၏မူရင်းဆိုင်သို့ ကောင်တာတွင်ခင်းကျင်းရန် ပစ္စည်းအသစ်ဖြစ်သော လက်ကိုင်တစ်ခုစီပေါ်တွင် လိပ်ပြာရုပ်ထွင်းထားသည့် ခြေထောက်သုံးချောင်းပါ ကျောက်စိမ်းအမွှေးအိုး ရောက်‌လာလေပြီ။

အရောင်းခန်းမသည် သန့်ရှင်းတောက်ပြောင်လျက်။ ဝန်ထမ်းများသည် မနက်အစောကြီးကတည်းက မှန်ကောင်တာနှင့် မှန်အုပ်ဆောင်းကို သန့်ရှင်းရေးလုပ်ထားကြသည်။ ကျောက်စိမ်းအမွှေးအိုးရောက်သော် အရောင်းစာရင်းတွင်ရေးမှတ်ပြီး နာမည်ချိတ်ကာ မှန်ဗီရိုထဲသို့ထည့်သည်။ ကျီရှန်ယွီ မှန်ဗီရိုရှေ့တွင်ရပ်၍ သူ့နာမည်ထွင်းထားသော နာမည်ပြားလေးကို အကြည့်မလွှဲနိုင်ဘဲရှိသည်။

ဆွေ့ယွီထုံကျူး [မြန်မာဘာသာပြန်]Where stories live. Discover now