Chapter 24

2K 443 49
                                    

[Unicode]

အခန်း ၂၄ – ကျန်းကျူးက သစ်ပင်နဲ့ ဝင်တိုက်မိတယ်။

ရွာသို့ လိုက်ပို့မည်ဟူသည့် ကတိကို ရပြီးနောက် ကျီရှန်ယွီ နေ့စဥ်နေ့တိုင်း မျှော်လင့်ခြင်းဖြင့်သာ အသက်ရှူတော့ကာ သူ၏သဘောထားမှာလည်း လေရဟတ်ကဲ့သို့ပင် လှည့်လည်နေပေ၏ – ဘယ်ဘက်လည်း ရှစ်ကော ၊ ညာဘက်လည်း ရှစ်ကောဖြင့် တင်းဟန်ပိုင်၏ခန္ဓာကိုယ်တစ်ခုလုံး နေမထိထိုင်မသာဖြစ်လာသည်အထိ မျက်နှာချိုသွေးနေသည်။သူကိုယ်တိုင်လည်း တင်းဟန်ပိုင်၏နောက်သို့လျှောက်လိုက်နေရန် လိုလိုလားလားလက်ခံနေမိပြီးဖြစ်သည်။

နောက်ဆုံးတော့ မသွားခင် တစ်ညအလိုသို့ရောက်လေပြီ။တင်းဟန်ပိုင် ပစ္စည်းကိရိယာအစုံထည့်ထားသည့်ဗူးကိုသယ်ကာ စက်ခန်းထဲသို့ ဝင်သွားသည်။ဝက်အူနှင့်ဝက်အူလှည့်ကို ထုတ်ကာ အနောက်တိုင်းနာရီစက်ကို ပြင်ရန် ကြိုးစားနေပေ၏။သူထိုင်လိုက်ကာ အပြင်ဘက်မှ ခြေသံတစ်သံချည်းကပ်လာသည်ကိုလည်း ကြားနေရသည်။သေချာနားထောင်မကြည့်လျှင်တောင် ကျီရှန်ယွီ၏ခြေသံမှန်း သူသိသည်။

ဒီရက်ပိုင်းအတွင်း အနှီကောင်လေးမှာ သူ့အားအရမ်းကပ်သည်ကြောင့် တင်းဟန်ပိုင် အနှောင့်အယှက်ဖြစ်လာရ၏။အမြဲ သူ့မျက်စိရှေ့ရောက်လာတတ်ကာ အဆက်မပြတ်ပြုံးပြလေ့ရှိသည်။ထိုခြောက်ကပ်သည့်ရွာ၌ ဘာများရှိနေလို့ ကျီရှန်ယွီ ဒီလောက်ထိဖြစ်နေသလဲဆိုသည်ကို ဘယ်သူသိနိုင်မလဲ?

တံခါးတွန်းဖွင့်လိုက်သံမှာ အလွန်ညင်သာသည်။ကျီရှန်ယွီ ရေနွေးတစ်ခွက်ယူလာကာ အသံတစ်သံမှမထွက်စေဘဲ စက်တင်ထားသောခုံ၏ထောင်စွန်း၌ သွားထိုင်လေ၏။ဒီနေ့တစ်နေ့လုံး ကျီရှန်ယွီ သူ့နားတစ်ဝဲလည်လည်ဖြင့် အချောင်ခိုနေသည်ဟု ဆိုနိုင်သော်လည်း ယခု စက်များနှင့် ပစ္စည်းများကို သန့်ရှင်းရေးလုပ်နေသည်ကြောင့် အချောင်ခိုပြန်ပြီဟုလည်း ပြောမရချေ။

တင်းဟန်ပိုင် အနောက်တိုင်းနာရီကို ထုတ်လိုက်ရာ အနှီအရာမှာ တီဗွီတစ်လုံးစာလောက်ရှည်ကာ သစ်သားနှင့်ပြုလုပ်ထားခြင်းဖြစ်ပြီး ရွှေရောင်တောက်နေလေသည်။ထိုအရာကို သုတ်ရန် အဝတ်စိုတစ်ခုကို လှမ်းယူလိုက်ရာ ခန္ဓာကိုယ်ကို ကိုင်းပြီး ကြိုးကြိုးစားစားအလုပ်လုပ်နေသော ကျီရှန်ယွီသည် မျက်လုံးထောင့်မှ သူ့အား ခိုးကြည့်နေသည်ကို မြင်လိုက်ရ၏။ ထို့နောက် တင်းဟန်ပိုင်က ပြောသည်။

ဆွေ့ယွီထုံကျူး [မြန်မာဘာသာပြန်]Where stories live. Discover now