Chapter 6

2.7K 583 22
                                    

အခန်း(၆)-အံဩစရာတစ်ခု

မည်သူမှ ကျီရှန်ယွီကို နှစ်ဆုံးစာမေးပွဲများတွင် ထူးချွန်သောအဆင့်များ ရနိုင်မည်ဟု ထင်မထားပေ။
တင်းမိသားစု၏ အနည်းငယ်သော ညီအကိုများအားလုံး သည် နည်းနည်းလေးနိမ့်သောအဆင့်များ ရရှိကြပေသည်။ သို့သော် သူတို့အိမ်တွင် ပညာရည်အဆင့်များမှာ အရေးမကြီးပေ။ တင်းယန်ရှုန်လည်း အရင်ကပြောဖူးသည်။ လက်မှုပညာသည် ဦးစားပေးဖြစ်၍ ကျန်တာအားလုံးမှာ ဒုတိယသာဖြစ်သည်။ဘာ‌ကြောင့် မျှော်လင့်မထားသည့်ပုံစံဖြစ်နေကြလဲဆိုတော့ ကျီရှန်ယွီသည် ပုံမှန်အားဖြင့် စကားတစ်ခွန်းမှမဟသောကြောင့်ပင်ဖြစ်သည်။ သူ့ကို လျှောက်သွားနေတာရော ငြိမ်နေတာပါ မြင်တွေ့ရန်ခဲယဉ်းလှပေသည်။ သူသည်တစ်စုံတစ်ယောက်နှင့်တွေ့သောအခါ စကားနည်း‌ပေ၏။ သူတို့ကို နောက်တစ်ကြိမ်ထပ်တွေ့‌သောအခါ ပို၍ပင်ငြိမ်သက်သွားလိမ့်မည်။

တစ်နေ့တာတွင် တင်းဟန်ပိုင်ထက်ပို၍ ဘယ်သူမျှ ကျီရှန်ယွီနှင့် မရင်းနှီးပေ။ တင်းဟန်ပိုင် အမြဲတမ်းနီးပါး ကျီရှန်ယွီအနားနေစဉ်တွင် အမှန်တကယ်‌ သူကျီရှန်ယွီ့လှုပ်ရှားမှုတိုင်းနှင့် တစ်ခုချင်းစီကိုတော့ မသိနိုင်ပေ။ သို့သော် ကျီရှန်ယွီ ညအတော်နက်မှ အိပ်သည်ကို‌ တော့သူသေချာသိသည်။ သူ့မီးများ ညတိုင်းလင်းနေသည်။ သူဘာလုပ်နေသည်ကိုတော့ သေချာမသိပေ။ တင်းဟန်ပိုင် ကျီရှန်ယွီ စာကြည့်နေသည်ဟု ခန့်မှန်းခဲ့လျှင်တောင် သူသူ့ကို စာလေ့လာခြင်းတွင် ဤမျှတော်မည်ဟု မမျှော်လင့်ခဲ့ပေ။

ထိုညက သူ့နှလုံးသားသည် ကျီရှန်ယွီ၏ ကြာဇံတစ်ခွက်ကြောင့် နူးညံ့သွားခဲ့ရသည်။ သွေးပူနေစဉ်တွင် သူတစ်ဖက်လူကို အသွားအပြန်‌ခေါ်ရန် အကြံပြုခဲ့မိသည်။ သို့သော် သူသည် တကယ့်ကို လူတွေကို စောင့်နိုင်သောသူတစ်ယောက် မဟုတ်ပေ။ အနည်းငယ် အသွားအပြန်လုပ်ပြီးသောအခါ *ငါးပိုက်ကွန်ကို သုံးရက်သုံး နှစ်ရက်အခြောက်ခံခြင်းနှင့်သာ အဆုံးသတ်‌ပေ၏။*
(*တင်းဟန်ပိုင်က ကျီရှန်ယွီကို အကြိုအပို့လုပ်ရတာကို သည်းမခံနိုင်တော့ဘူးလို့ ပြောချင်တာပါ*)

ဆွေ့ယွီထုံကျူး [မြန်မာဘာသာပြန်]Where stories live. Discover now