[Unicode]
အခန်း ၃၂-ကျီရှန်ယွီဖြစ်နေတာပဲ!
ဆရာဖြစ်သူက တပည့်ဖြစ်သူ စိတ်ရှုပ်ထွေးနေမှန်း သတိပြုမိ၏။ထို့ကြောင့် သူ့အခန်းထဲ ဝင်နေလိုက်ကာ ဘာမှဆက်မပြောတော့ပေ။
ကျီရှန်ယွီ အမွှေးအိုးကို ငေးစိုက်ကြည့်နေပြီး ငိုင်တိုင်တိုင်ဖြစ်နေကာ ကိစ္စအားလုံးရှင်းလင်းသွားအောင် ဖြည်းဖြည်းချင်း စဥ်းစားကြည့်နေသည်။ကျန်းစီနန်၏တပည့်မှာ တင်းဟန်ပိုင်ဖြစ်နေရာ ထိုအရာမှာ ကောင်လေးပုံကျောက်စိမ်းပြိုင်ပွဲ၌ သူ တင်းဟန်ပိုင်ကို ရှုံးသွားသည်နှင့် အဓိပ္ပာယ်တူပေ၏။ထို့အတူ အတွင်းဆက်ချိတ် ၊ ယခု အတွင်းဆက်ချိတ်သည်လည်း တင်းဟန်ပိုင်၏လက်ထဲတွင် ရှိနေသည်လား?
ထို့နောက် ... ကျီရှန်ယွီ စတင်အံ့သြလာမိတော့သည်။သူ့မျက်လုံးမှာတော့ တည်ငြိမ်နေ၏။ထိုသို့ဆိုလျှင် တင်းဟန်ပိုင်ပြောသည့် 'ထိုပုဂ္ဂိုလ်' ဆိုသည်မှာ သူကိုယ်တိုင်ဖြစ်နေသည်ပင်။တင်းဟန်ပိုင်၏သဘောကျနှစ်သက်မှုကို ရရှိသူမှာ သူပင်ဖြစ်သည်။ခင်မင်ရင်းနှီးလာစေရန် ယဥ်ကျေးစွာဖြင့် တင်းဟန်ပိုင် တောင်းဆိုသည့်သူမှာလည်း သူပင်ဖြစ်၏။သူ စားပွဲခုံထောင့်စွန်းကို ငေးစိုက်ကြည့်နေကာ မယုံနိုင်ဘဲ ဖြစ်နေသည်။
မနေ့က အကြောင်းကို ပြန်တွေးကြည့်မိသည့်အခါ - သူ တင်းဟန်ပိုင်နှင့် ရန်ပင်ဖြစ်ခဲ့သည်။မျှော်လင့်မထားကာ အဓိပွာယ်လည်းမရှိချေ။
ထိုနေရာ၌ ကျီရှန်ယွီ ခေတ္တမျှ ထိုင်နေကာ အတော်ကြာ စဥ်းစားနေ၏။မိနစ်အနည်းငယ်ကျော်လွန်ပြီးနောက် သူ စိတ်အေးလာကာ အံ့သြတုန်လှုပ်နေသည့် အခြေအနေမှ လွတ်မြောက်လာသည်။ထို့နောက် သူ လောင်ဟယ်ချမ်းထရှာကာ မေးသည်။
"ရှစ်ဖော ၊ ကျွန်တော့်ရဲ့ရှစ်ကောက ရှစ်ဖောကို ခဏခဏလာရှာဖူးတယ်ဆိုတော့ သူ တကယ်က ဘာလိုချင်တာတဲ့လဲ?"
လောင်ဟယ်ချမ်းကပြောသည်။
"နောက်ဆုံးတော့ မင်းမေးဖို့ ဆန္ဒရှိလာပြီပေါ့ ၊ မင်းမှာ ဆရာတူညီအစ်ကိုတွေက သေချာပေါက်လက်တစ်စုတ်စာလောက်ပဲ ရှိမှာဆိုတော့ သူ ဘယ်သူလဲ သိမှာပါ"
YOU ARE READING
ဆွေ့ယွီထုံကျူး [မြန်မာဘာသာပြန်]
RomanceAuthor : Bei Nan Status - 62 chapters+3extras I own nothing of this novel. This is just a fan translation. Full credit to the original author and artists. Cover photo credits to the owner.