အခန်း၅၇– မိသားစုကို သန်းရှင်းစင်ကြယ်အောင်ပြုခြင်း။
သိုင်မြောင်းဒေသတစ်ဝိုက်အတွက် အစီအစဥ်အသစ်တစ်ချို့ကို ချမှတ်လိုက်ပေသည်။ လမ်းသွယ်လေးများကို မဆိုထားနှင့် ကျဥ်းမြောင်းလှသည့်လမ်းထောင့်လေးများကပင် ပြောင်းလဲမှုများရှိလာကြသည်။ အဓိကစက်ရုံကြီးများ၏အဆောင်များ ၊ အိမ်ဟောင်းများ ၊ အိမ်ရှေ့ဘက်တွင် ဖွင့်ကြသော မကောင်းတရောင်းစျေးဆိုင်လေးများ ၊ တစ္ဆေနံရံနှင့်အတူ မျက်နှာစာဖြစ်သော ရှေးဟောင်းပစ္စည်းမြို့တော်။ ထိုနေရာများကို ရှောင်တိမ်းသွားဖို့ရန်မှာ စဥ်းစားလို့တောင် မရနိုင်ပေ။
လွန်ခဲ့သော သုံးလေးငါးနှစ်က လူများသည် ထိုမြို့တော်သည် ရုတ်ခြည်းဖွံ့ဖြိုးတိုးတက်လာလိမ့်မည်ကို
သိခဲ့သည်။ တစ်ကမ္ဘာလုံးရှိပစ္စည်းများကို ရောင်းဝယ်ဖောက်ကားသောဆိုင် ၊ နိုင်ငံတကာ အဆင့်မှီအဆောက်အဦများ။ အဓိကအချက်ကို ဖြန့်ကျက်ကြည့်လိုက်သော် အရာအားလုံးမှာ အသစ်အတိုင်းဖြစ်သွားတာပင်။ အရာအားလုံးမှာ လူတို့မျှော်လင့်ထားသည့်အတိုင်း လူ့အကြိုက်ဖြစ်နေသည့်တိုင် ရှေးဟောင်းပစ္စည်းစျေးထဲရှိလူများမှာတော့ လွှတ်မချနိုင်သေးသလို ပျော်လည်းပျော်ရွှင်မနေခဲ့ပါ။ အခုကစပြီး သူတို့ ဘယ်သွားရတော့မှာလဲ? ပေါ်လစီအရတော့ အနှီက မြို့တော်ဆိုင်ရာနိုင်ငံတော်အစိုးရဌာန၏ပေါင်းစည်းထားသည့်အရာသစ်တစ်ခုဖြစ်လာလိမ့်မည်ဟု ဆိုကြသည်။ထိုသို့ဆိုလျှင် မည်သူက အနီးတစ်ဝိုက်၌ ရောင်းဝယ်ဖောက်ကားမှု ၊ ကလိမ်ကျမှုနှင့် အော်ဟစ်မှုတို့ကို ပြုရဲတော့မှာလဲ?လိမ်လည်မှုစာချုပ်တစ်ခုပြုလုပ်လိုက်သည်နှင့် တစ်ခါတည်း အချုပ်ထဲသို့ ရောက်သွားမည်ပင်။
တစ်ခုခုဖြစ်ပျက်မည်ကို လူတွေ စိတ်မပူခင်ကတည်းက တင်းဟန်ပိုင် စိတ်ပူနေခဲ့သည်။သူ ထိုနေရာ၏ရှားပါးညှို့ယူဖမ်းစားမှုကို ကြည့်ရန်လာရင်း တစ္ဆေနံရံတစ်ဝိုက် လျှောက်ကြည့်နေသည်။ သူ လျှောက်သွားနေစဥ် ကြွေထည်ရောင်းသူတစ်ဦးက သီချင်းတစ်ပုဒ်ညည်းတွားနေပြီး နှိုင်းယှဥ်ကြည့်သော် ဆေးလိပ်သောက်နေသည့် တုန်သုံးရောင်စပ်ကြွေထည်မြေထည် ရောင်းသူက ပိုညှိုးမှိုင်နေလေသည်။
YOU ARE READING
ဆွေ့ယွီထုံကျူး [မြန်မာဘာသာပြန်]
RomanceAuthor : Bei Nan Status - 62 chapters+3extras I own nothing of this novel. This is just a fan translation. Full credit to the original author and artists. Cover photo credits to the owner.