Chapter3

3.5K 675 31
                                    

အခန်း ၃

တနင်္လာနေ့။ အလုပ်သွားရမည့်သူများက သွားကြသည်။ ကျောင်းသွားရမည့်သူများက သွားကြသည်။ တင်းဟန်ပိုင် ဒါရိုက်တာကျန်းနှင့်ရန်ပွဲဖြစ်ပြီးနောက်ပိုင်း ခွင့်တင်ထားပေသည်။ သူရက်အတိအကျ သတ်မှတ်မထားပေ။သို့သော် ဒါရိုက်တာကျန်း ဖူကျင်းသို့ လုပ်ငန်းခရီးထွက်သွား‌ရာ သူ စိတ်မပူ‌ပေ။

သူ နေဝါးသုံးပြန်‌ရောက်သည်ထိ အိပ်သည်။ မနက်စာနှင့် နေ့လည်စာကို တစ်နပ်တည်းပေါင်းစားသည်။ သူ အိပ်ခန်းထဲမှ ထွက်လာကာ မျက်နှာသစ်ပြီးသွားသည်နှင့် သူ့ကိုသွေးတက်စေသည့် လက်ဆွဲအိတ်နှစ်လုံးကို မြင်လိုက်ရသည်။ တင်းဟန်ပိုင် ဘေးခန်းသို့လျှောက်သွားကာ ကမ္ဘာမြေကြီးအက်ကွဲသွားမတက် အော်လိုက်‌လေသည်။

" ကျီကျန်းကျူး ၊ ထွက်ခဲ့စမ်း"

 ကျီရှန်ယွီ အန္တရာယ်ကိုရှေ့တွင် မြင်နေရသော်လည်း မပြောင်းလဲသောမျက်နှာဖြင့် တံခါးကြားထဲမှထွက်လာပေသည်။

" ဘာလိုချင်လို့လဲ?"

"ငါဘာလိုချင်တာလဲ ဟုတ်လား? သေတ္တာနှစ်လုံးကို ဒီမှာထားပြီး မင်းကသာဘာလိုချင်တာလဲ?စတိုခန်းတွေ ဘာတွေများလုပ်မလို့လား?"

တင်းဟန်ပိုင် ယခု‌လေးတင်မှနိုးလာရာ သူ့အသံမှာ အနည်းငယ်ကျယ်လောင်နေပေသည်။

" ဒီနေ့ရှင်းရင်ရှင်း ၊ မရှင်းရင် မင်းရဲ့သေတ္တာတွေကို ဖောက်ထွင်းပြီး ခွေးခြေခုံတွေ လုပ်ပစ်မယ် "

သူပြောနေစဉ် သူ့လက်များနှင့် တံခါးကိုတွန်းဖွင့်လိုက်သေးသည်။ သူ သုံးလိုက်သည့်အားသည် ‌  ကောင်းကောင်းမထိန်းချုပ်ထားသည်ကြောင့် တံခါးတွင်အလှဆင်ထားသော နွယ်ပင်များမှာ ဘန်းခနဲပြုတ်ကျကာ တံခါးမှာ လုံးလုံးလျားလျားပွင့်သွားတော့သည်။ အလယ်တွင် မတ်တပ်ရပ်နေသော ကျီရှန်ယွီမှာ အနည်းငယ် တုန်ယင်သွားကာ သူ့ တစ်ကိုယ်လုံးပေါ်သို့ ရုတ်တရက် နေရောင်ခြည် ဖြာကျလာသည်။ သူ့လက်မောင်းပေါ်၌ သေးငယ်လွန်းလှသည့် ဆံချည်မျှင်လေးရှိနေသည်ကို သိလာသည်အထိ သူ နိုးကြားလာ၏။

ဆွေ့ယွီထုံကျူး [မြန်မာဘာသာပြန်]Where stories live. Discover now