[Unicode]
အခန်း ၄၈- ဘယ်လို ချုပ်ထိန်းရမလဲဆိုတာ မသိဘူးလား?
တင်းယန်ရှုန် တစ်ခုခုလွဲနေသည်ဟု ယဲ့ယဲ့လေးခံစားမိသည်။ယွီရှောင်းကျီကို ပြန်ဖွင့်ပြီဖြစ်သော်လည်း သူချစ်လှစွာသောသား၏အသံရော အရိပ်အယောင်ကို
ပါ ဘယ်နေရာတွင်မှ လုံးဝမတွေ့ရပေ။သူ နေ့တိုင်းဘယ်တွေကို ခိုးကြောင်ခိုးဝှက်သွားပြီး ကားတစ်ကားလုံးညစ်ပတ်ပေရေလာအောင် လုပ်လာလဲ သူ မသိပါ။ကျီရှန်ယွီ သူ့ရှစ်ဖော၏ထိန်းချုပ်ထားသော ခံစားချက်များကို သိသည်ကြောင့် အလုပ်ကို မရပ်မနားလုပ်နေပြီး သူ့ရှစ်ဖော ဒေါသထွက်အောင် လုပ်မိမည်ကို စိုးရွံ့နေသည်။သို့သော်လည်း သူ အနှီအရာကို မရှောင်လွှဲနိုင်ခဲ့ပေ။တင်းယန်ရှုန်က မေးလာသည်။
"ရှန်ယွီ မင်းရဲ့ရှစ်ကော အခုတစ်လော ဘာတွေအလုပ်ရှုပ်နေတာလဲ?"
ကျီရှန်ယွီက ပြော၏။
"ကျွန်တော်လည်း သိပ်မသေချာဘူး... ရှစ်ဖော ကျွန်တော် ဒီချယ်ရီဗူးထွင်းပြီးတော့မယ် ၊ ကျွန်တော်တို့ အပေါက်တစ်ပေါက်ဖောက်လိုက်သင့်လား?"
တင်းယန်ရှုန် အနှီကို အာရုံလွှဲမသွားပေ။
"အကြောင်းအရာထပ်ပြောင်းပြန်ပြီ ၊ သူ့ကို ကူပြီးဖုံးကွယ်ပေးနေတယ် ၊ မင်းဘယ်တုန်းက သူနဲ့ဒီလောက်တောင် ရင်းနှီးသွားတာလဲ?"
ဤသည်မှာ ဒီတိုင်းပြောလိုက်ခြင်းဖြစ်သော်လည်း ကျီရှန်ယွီ၏အမွှေးများအားလုံးမှာ ထောင်သွားတော့သည်။သူ တစ်ဖက်လူကို စေ့စေ့စပ်စပ်ဖျတ်ခနဲလှမ်းကြည့်လိုက်သည်။တစ်ဖက်လူ တစ်ခုခုကို ရိပ်မိသွားမည်ကို ကြောက်ရွံ့နေ၏။သူ အရမ်းပင် လိပ်ပြာမလုံခံစားနေရပြီး သူ့လက်သည်ပင် တည်ငြိမ်မှုပျောက်ကွယ်လုနီးပါးဖြစ်သွားကာ ဖုံးကွယ်ရန် ဟောခန်းအနောက်သို့ အမြန်ပြေးသွားလိုက်သည်။
ထိုတစ်နေ့လုံး အစမှအဆုံးထိ တင်းဟန်ပိုင် သူ့မျက်နှာကို လာမပြပေ။ညနေမှ အိမ်ပြန်လာသော်လည်း ကားကိုတော့ သန့်ရှင်းအောင် တိုက်ချွတ်ပြီးဖြစ်သည်။သူ ဟိုဟိုသည်သည် ပြေးလွှားနေခဲ့ရသည်။ကြွေဖိုကိစ္စမှာ ပြီးသွားပြီဖြစ်ရာ သူ ဝယ်သူများကို ဆွဲဆောင်ရတော့မည်ဖြစ်၏။သူသည် အထက်စီးဆန်စွာကြီးပြင်းလာခဲ့ရသော်လည်း ဒီရက်ပိုင်းများတွင် အနှီနှစ် ၂၀ အတွင်း မြှုပ်နှံထားခဲ့သော အပြုံးများကို အကျေအလည်ပေးခဲ့ရပြီးဖြစ်ပေသည်။
YOU ARE READING
ဆွေ့ယွီထုံကျူး [မြန်မာဘာသာပြန်]
RomanceAuthor : Bei Nan Status - 62 chapters+3extras I own nothing of this novel. This is just a fan translation. Full credit to the original author and artists. Cover photo credits to the owner.