Chapter 57(part2)

1.3K 215 11
                                    

[Unicode]

နောက်တစ်နေ့ နေ့လည်၌ van ကားတစ်စီးသည် လုန်ကျုန်ရှေ့တွင်ထိုးထားကာ ကျောင်းဆင်းသည်နှင့် ကျီရှန်ယွီ ထိုကားထဲသို့ ဝင်သွားတော့သည်။ တုန်ရွာကို သွားသည့်တစ်လျှောက် ပဲသကြားလုံးများကို ဝါးရင်း သီချင်းများသီဆိုရင်းဖြင့်။ ကြွေဖိုသည် ကောင်းမွန်သော ပြောင်းလဲမှုများဖြင့် ပြောင်းလဲနေလေပြီ။ မြောက်မြားစွာသော ပစ္စည်းများက သေချာထုပ်ပိုးထားပြီး မီးဖိုကိုလည်း တစ်ချိန်လုံးအသုံးပြုနေရပေသည်။

ရုံးခန်းလေးမှာ ယခုတိုင်ရှိနေဆဲပင်။ လူလေးယောက်မှာ အစည်းအဝေးထိုင်ရင်း စားသောက်နေကြသည်။ ဖန်ဟိုင်ချင်းက မေး၏။

"သူဌေးတင်းက သူဘာသူ စီးပွားရေးတည်ဆောက်ပြီးသွားပြီ ၊ မင်းက ဘယ်တော့ သူနဲ့ ပြောင်းနေမှာလဲ?"

ကျီရှန်ယွီ မတွေးထားရာ မဖြေနိုင်ဘဲဖြစ်နေသည်။ တင်းဟန်ပိုင်က ထိုအခွင့်အရေးကို ယူလိုက်သည်။

"မကြာခင်ပေါ့"

သူ အမှာစာ စာရင်းကို လှမ်းကြည့်လိုက်သည်။ မှာယူထားသော အရေအတွက်များမှာ များပြားလှပြီး ပုံစံငယ်များအတွက် အသေးစိတ်ဖော်ပြချက်များမှာလည်း ထိုနည်းတူပင်။ နောက်ဆုံး အနှီမှာ နောက်ဆုံး စျေးဖြစ်ကာ သင်္ချာသာမကျွမ်းကျင်ပါလျှင် ထိုအရာများက အော့နှလုံးအန်ချင်စရာများဖြစ်နေလိမ့်မည်ပင်။

သူ မော့ကြည့်လိုက်သည့်အခါ ကျီရှန်ယွီသည် သူ့အား ကြည့်နေပြီး မေးလေသည်။

"တကယ်ပဲ မကြာခင်လား?"

သူ ထပ်ဖြေလိုက်သည်။

"တကယ်ကြီး မကြာခင်အချိန်လေးအတွင်းမှာပဲ"

ထိုစကားလေးတစ်ခွန်းဖြင့် ကျီရှန်ယွီမှာ အလွန်ပျော်ရွှင်သွားပြီး စားချင်သောက်ချင်စိတ်များမှာ ပိုမိုတိုးတက်လာတော့သည်။ ဒိုးနပ်လေးများစားနေစဥ်အတွင်းမှာပင် သူ့နှုတ်ခမ်းထောင့်များသည် ကွေးတက်နေဆဲဖြစ်ပါ၏။ မရင့်ကျက်ဘူးဟု သူ ဖန်ဟိုင်ချင်းထံမှပင် အဆူခံလိုက်ရပေသည်။ နေ့ခင်းနားချိန်က တိုတောင်းလွန်းသည်။ သူနှင့်တင်းဟန်ပိုင်သည် အနှီအခန်းလေးထဲ၌ ကျောက်ချထားသည်။ တင်းဟန်ပိုင်၏မှတ်စုစာအုပ်သည် သူတို့ရှေ့တွင်ပင်။ လက်ရေးများမှာ တွန့်ကွေးနေကာ ထိုအရာများကို သူ အာရုံခံစားကြည့်လိုက်သော် ကြီးမားသည့်စီမံကိန်းတစ်ခုလာတော့မည်ကို သတိပြုလိုက်မိသည်။

ဆွေ့ယွီထုံကျူး [မြန်မာဘာသာပြန်]Where stories live. Discover now