Chapter 14

2K 510 29
                                    

[Unicode]

အပိုင်း(၁၄) - ဘုရားရေ

ချာအယ်လမ်းသည် လမ်းဟောင်းဖြစ်ရာ လမ်းမီးတိုင်များသည် လင်းအားမကောင်းတော့ပေ။ ၎င်းတို့သည် ရှည်လျားသော အရိပ်များကို ဖြစ်ပေါ်စေပြီး တစ်စုံတစ်ယောက်၏မျက်နှာပေါ်မှ အပြုံးပေါ်သို့ မှိန်ပျပျအလင်းရောင် တောက်ပနေပေသည်။ ကျီရှန်ယွီ့အပြုံးသည် တော်တော်လေး သဘာဝမကျပေ။ သူသည် သူ၏သွားများပေါ်လာသည်ထိ ပြုံးနေသော်လည်း သူ့ပါးစပ်ထောင့်စွန်းမှာ သူပြုံးနေကျပုံစံနှင့်ကွဲပြားသည်။

သူနှင့်တင်းဟန်ပိုင် ဘေးချင်းယှဉ်၍ အကွာအဝေးတစ်ခုပြီးတစ်ခု ဖြည်းဖြည်းချင်း လမ်းလျှောက်ပြန်ခဲ့ကြသည်။ ဝင်ပေါက်လှေကားထစ်သို့ရောက်သည့်အခါ အရှေ့ခြံဝန်းကိုဖြတ်၍ ခြံဝန်းငယ်သို့ပြန်ခဲ့ကြသည်။ သူတို့အခန်းများ၏ အပြင်ဘက်ကော်ရစ်တာသို့ရောက်သောအခါ တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဆုံရန် မျက်နှာများကိုလှည့်ကြကာ နှစ်ယောက်လုံး တစ်ပြိုင်နက်ရပ်လိုက်ကြသည်။

လေငြိမ်နေပေ၏။ တင်းရှောင်လိုင်းလတ်ပန်းများ၏ရနံ့သည် လေထုထဲတွင် ပြည့်နှက်နေကာ တင်းဟန်ပိုင်ထံမှ အရက်နံ့ကို ဖုံးကွယ်ပေးထားသည်။

" စောစောအိပ် ၊ အဲဒီ့လက်ဆောင်ကိုတော့ ပေးစရာရှိတယ်လို့ပဲ မှတ်ထားလိုက်ရအောင်"

တင်းဟန်ပိုင်ကပြောသည်။

" ငါပြောတာမျှတရဲ့လား?"

ကျီရှန်ယွီသူ့တံခါးကို ဖြေဆိုရင်းဖွင့်ပြီးလေပြီ။

" မျှတပါတယ် ၊.... ကျေးဇူးတင်ပါတယ် ၊ရှစ်ကော"

တင်းဟန်ပိုင် အံ့ဩဘနန်းဖြစ်သွားကာ ထပ်မံဖြည့်စွက်ပြောသည်။

" မလိုပါဘူး ၊ နောက်ဆိုရင် ငါ့ကိုပြန်ခံပြီးသာမပြောစမ်းပါနဲ့"

တစ်နေ့တာကုန်ဆုံးသွားချိန်တွင် တင်းဟန်ပိုင် ကျီရှန်ယွီသူ့အခန်းထဲတွင် တံခါးပိတ်နေစဉ်က ဘာလုပ်ခဲ့သလဲဆိုတာကို ယခုထိမသိသေးပေ။ သူ ကျီရှန်ယွီ့စိတ်ဓာတ်ကျမှု နောက်ကွယ်ကအကြောင်းအရင်းကိုလည်း မသိပေ။ သို့ရာတွင် ကျီရှန်ယွီက အလျှော့ပေးပြီး ကောင်းသောညပါဟုတောင်ပြောခဲ့သောကြောင့် သူပြီးခဲ့တာတွေကိုပြေလည်ရန် ဆုံးဖြတ်လိုက်သည်။

ဆွေ့ယွီထုံကျူး [မြန်မာဘာသာပြန်]Where stories live. Discover now