Chapter53 (part3)

2.1K 170 19
                                    

[Unicode]

တင်းယန်ရှုန် ရုတ်တရက် သူ့မျက်လုံးများကို ပင့်ကြည့်လာရာ သားအဖနှစ်ယောက်မှာ မျက်နှာချင်းဆိုင်လျက်သား။ မျိုးရိုးလိုက်သည့် နက်မှောင်နေသည့်မျက်ဝန်းများ ၊ တထေရာတည်းတူသည့် နှာတံချွန်ချွန် ၊ ပါးလွှာသည့် နှုတ်ခမ်း များပြားလှသည့်စကားလုံးများက ထိုနေရာတွင်ပင် ကြပ်သိပ်နေခဲ့၏။ တင်းဟန်ပိုင်၏အသံသည် အလွန်ပင် တိုးလျနေခဲ့သည်။

"ကျွန်တော် မပြောဘဲ ကြွေဖိုကိုဖွင့်ထားခဲ့တာကြာပြီ ၊ ရှေးဟောင်းပစ္စည်းတွေ အရောင်းအဝယ်လုပ်တယ် ၊ ပြီးတော့ အခု ရှေးဟောင်းပစ္စည်းမြို့တော်လေးလုပ်ဖို့ ကျွန်တော် ပိုက်ဆံစုနေတယ် ၊ ကျွန်တော် မိသားစုတာဝန်တွေ စွန့်လွှတ်လိုက်ဖို့ တွေးခဲ့ပေမယ့် ကျွန်တော်ရဲ့ ပန်းပုပညာအရည်အချင်းနဲ့ ပါရမီက ကျွန်တော် တစ်သက်လုံးဓားကိုင်သွားဖို့အတွက် သတ်မှတ်ထားပြီးသားနဲ့တူပါတယ်"

သူနှင့် ကျီရှန်ယွီကြားရှိကိစ္စများမှာ ဗုံးတစ်လုံးသာ။ ထိုအရာက အချိန်ကိုက်ဗုံးတစ်လုံးဖြစ်နေခဲ့သည်သာ။ သူတို့၏စိတ်ခံစားချက်များ ၊ အနာဂတ်များ ၊ ဖုံးဖိထားသည့် ကြီးမားသည့်ကွားခြားချက်များမှာ ပွင့်ကျသွားလေပြီ။ တင်းယန်ရှုန် နံရံကို ကျောမှီလိုက်ကာ သိပ်မကြာတော့မည့်အနာဂတ်အတွက် ဘယ်လိုလုပ်ရမလဲဟူသော အတွေးနှင့် စိုးရိမ်ပူပန်နေလေသည်။

အကယ်၍ သူသာ မိသားစုစီးပွါးရေးကို ဆုံးရှုံးခဲ့ရလျှင် သူ ထိုအတွက် တိုက်ခိုက်နိုင်ကာ အသစ်တစ်ဖန် ပြန်တည်ဆောက်နိုင်သည်။ သို့သော် ပန်းပုပညာကို ဆုံးရှုံးလိုက်ရရင်ရော?

တင်းဟန်ပိုင်က ဆိုလေသည်။

"ပါး ၊ ဒီဘဝကို လိပ်ပြာသန့်သန့်နဲ့နေနိုင်ရင်ကိုပဲ တော်လှပါပြီ ၊ တုန်ရန်ထန်းရဲ့* စီးပွါးရေးက နှစ်ရာကျော်ခဲ့ပေမယ့် နောက်ဆုံးကျတော့ အစိုးရကို သူတို့ရဲ့ လျှို့ဝှက် ဆေးပစ္စည်းအကြောင်း လက်ဆင့်ကမ်းရတာပဲမလား ၊ ဘယ်အရာမှ ထာဝရမတည်မြဲပါဘူး ၊ သူများတွေ အထင်ကြီးကြတယ် ၊ အားကျကြတယ် ၊ လုံလောက်နေပါပြီ ၊ လူတွေအသက်ရှင်နေထိုင်ကြတာ အရေးအကြီးဆုံးက ပျော်ဖို့ပါပဲ"

You've reached the end of published parts.

⏰ Last updated: Aug 19, 2023 ⏰

Add this story to your Library to get notified about new parts!

ဆွေ့ယွီထုံကျူး [မြန်မာဘာသာပြန်]Where stories live. Discover now