Chapter 26

2K 391 26
                                    

[Unicode]

အခန်း ၂၆ – ယှဥ်ပြိုင်ပွဲတစ်ခု စီစဥ်ခြင်း

ကျီရှန်ယွီ တစ်ညလုံး ကောင်းကောင်းအိပ်မပျော်ခဲ့ပေ။ဘေးတစောင်းလှဲအိပ်နေရင်း သူ့ပါးမို့မို့မှာ ခေါင်းအုံးစွတ်နှင့် ပွတ်တိုက်ပြီးရင်း ပွတ်တိုက်မိနေသည်။သူ့မျက်လုံးသည် မကြာခဏပွင့်ပွင့်လာကာ ပြတင်းပေါက်အပြင်ဘက်မှ ပိန်းပိန်းပိတ်အောင် မှောင်နေဆဲဖြစ်သည်ကြောင့် မျက်လုံးပြန်ပိတ်ရန် ကိုယ်ဘာကိုယ် တွန်းအားပေးနေရသည်။တဖြည်းဖြည်း အိပ်ပျော်သွားပြီး အလင်းရောင်ထွက်လာပြီဟု ခံစားရသည်နှင့် သူချက်ချင်းထလိုက်ကာ စောစောစာလုပ်တော့မည်ဟု ဆုံးဖြတ်လိုက်၏။

သူ စင်္ကြံ၌ထိုင်ရင်း လတ်လတ်ဆတ်ဆတ်လေကို ရှူရှိုက်လိုက်ကာ ဘာသာစကားစာအုပ်တစ်အုပ်ကိုကိုင်ထားပြီး တိုးတိုးလေး အသံထွက်၍ ဖတ်နေသည်။သူ တစ်ခန်းဖတ်ပြီးသွားသည့်အခါ သစ်ပင်ပေါ်ရှိငှက်ကျားများသည် သူပြောနေသည်ကို ထောက်ခံသကဲ့သို့ ကျယ်ကျယ်လောင်လောင် တွန်ကျူးလာသည်။ သူ ပျော်သွားကာ အသံပိုကျယ်သွားစေရန် သူ့အသံကို မြှင့်လိုက်၏။တစ်ခန်းပြီးတစ်ခန်း စာတစ်ပိုဒ်ချင်းစီကို စိတ်နှစ်ဖတ်နေသည်။

စာရွက်နောက်တစ်ရွက်ကို လှန်နေသည့်အချိန် အနောက်မှ ကမ္ဘာမြေကြီးတုန်ခါသကဲ့သို့ အသံတစ်သံထွက်လာသည်။

အိပ်ခန်းတံခါးသည် တွန်းကန်ခံလိုက်ရပြီး ပွင့်လာသည်။တင်းဟန်ပိုင်သည် တံခါးနှစ်ဖက်ကြား၌ စစ်နတ်ဘုရားတစ်ပါးကဲ့သို့ ရပ်နေကာ သူ့ဘေး၌ မကောင်းဆိုးဝါးအငွေ့အသက်များ ဝန်းရံနေသည်–အကယ်၍ သူသာ ဓားတစ်ချောင်းကို ကိုင်ထားလျှင် သေချာပေါက် လူများကို ခုတ်ထစ်ပြီးဖြစ်သည်။

သူ သမ်းချင်စိတ်ကို ချုပ်တည်းထားကာ လန့်သွားသော ကျီရှန်ယွီကို ဆူတော့သည်။

"ဆက်ဖတ်လေ! မင်းဘာတွေဖတ်နေတာလဲ ငါ့လည်း နားထောင်ပါ့ရစေ ၊ မနက်ပိုင်း လူအိပ်ချိန်ကို နှောက်ယှက်နေလိုက်"

ဆွေ့ယွီထုံကျူး [မြန်မာဘာသာပြန်]Where stories live. Discover now