Chapter 37

2.2K 432 156
                                    

[Unicode]

အခန်း(၃၇) ချီဖမ်းခရီးစဉ်-၃

ပိန်ပိန်ရှည်ရှည်လူသည် ကားရှေ့သို့လျှောက်လာပြီး ကားရှေ့ဖုံးကိုပုတ်ကာ သူတို့ကိုထွက်လာခိုင်းသည်။

တင်းဟန်ပိုင် ပြတ်ပြတ်သားသားနှင့် စိတ်မပါလက်မပါ ပြောသည်။

" ငါထွက်မယ်။ မင်းတို့နေခဲ့"

သူအခြေအနေပေးလျှင် တင်းအာ့ဟယ် နောက်ခုံမှမောင်းသူခုံသို့ ပြောင်းလို့လွယ်အောင် အင်ဂျင်ကိုမရပ်ဘဲ ထိုင်ခုံကိုအမြန်နှိမ့်လိုက်သည်။

ခိုက်ခိုက်တုန်အောင်အေးသော ရာသီဥတုတွင် မြေကြီးသည် အေးခဲလျက်။ တင်းဟန်ပိုင်ကားထဲမှ ထွက်လာကာ လက်မြှောက်၍ ညွှန်ကြားချက်ကိုစောင့်သည်။ သို့သော်လည်းတစ်ဖက်လူသည် အတွေ့အကြုံရှိမှန်း သိသာလှသည်။ အခြားခန္တာကိုယ်ကြီးကြီးလူနှစ်ယောက်က ကျီရှန်ယွီနှင့် တင်းအာ့ဟယ်ကို ကားပေါ်မှအတင်းဆွဲချကြ၏။

ကျီရှန်ယွီ ကြောက်ရွံ့နေပြီး တင်းဟန်ပိုင့်ဘေးသို့မရမက ပြေးသွားလိုက်ချင်သည်။ သို့ရာတွင်သူတို့နှစ်ယောက်ကြားတွင် ကားရှေ့အဖုံးတစ်ခုခြားနေ၍ ဓားပြသုံးယောက်၏စကားကို တိတ်တဆိတ်နာခံရုံပဲတတ်နိုင်သည်။ တင်းဟန်ပိုင်သူ့ပိုက်ဆံအိတ်ကို ဆွဲထုတ်ကာ ကားရှေ့ဖုံးပေါ်သို့ ပြတ်ပြတ်သားသား လှမ်းပစ်လိုက်ပြီးပြောသည်။

" ငါတို့ကဒီမြို့ကို ဒီနေ့မှရောက်တာ ၊ ပစ္စည်းကြည့်ပြီးဈေးညှိမလို့လာကြတာမလို့ ငွေအများကြီးမပါဘူး"

ကားတံခါး ဖွင့်ပြီးပြန်ပိတ်သွား၏။ သူတို့ထဲကတစ်ယောက်သည် ကားထဲမှာမွှေနှောက်ရှာ၍ ပိန်ပိန်ရှည်ရှည်တစ်ယောက်ကို လှည့်ပြောသည်။

" ဂျေဒိုက်အရိုင်းတစ်တုံးပဲပါတယ်"

ကောင်းကင်မှာ မှောင်စပျိုးလာလေပြီ။ ပိန်ပိန်ရှည်ရှည်လူသည် တင်းဟန်ပိုင့်ပိုက်ဆံအိတ်ကိုကောက်ယူပြီး စကားတစ်ခွန်းမှမပြောဘဲ သူတို့သုံးယောက်ကိုပဲ ခေါက်တုံ့ခေါက်ပြန်ကြည့်နေသည်။ တင်းဟန်ပိုင် တောင့်တင်းသွား၏။ ထိုဒေါ်လာ ၂၀၀၀ သည် သံသယဝင်စရာမလိုအောင် ဓားပြတွေကို မကျေနပ်စေနိုင်။ ဘယ်သူက ဒီလိုနေရာမျိုးကို ငွေမပါဘဲလာမှာလဲ။ အဓိပ္ပာယ်ကတော့ ဓားစာခံတစ်ယောက်ကို ခေါ်သွားတော့မှာဖြစ်၏။ ဓားပြတိုက်တာကနေ ပြန်ပေးဆွဲတာအဖြစ်ပြောင်းသွားပေပြီ။

ဆွေ့ယွီထုံကျူး [မြန်မာဘာသာပြန်]Where stories live. Discover now