Chapter 42

2.3K 414 139
                                    

အခန်း ၄၂–မင်း တကယ်ပဲ ကိုယ့်ကိုကြိုက်ရဲ့လား?

အေးချမ်းလှသည့် ဆောင်းတွင်းပိုင်း။ ကော်ရစ်တာရှည်ကြီး၌ တင်းဟန်နှင့် ကျီရှန်ယွီတို့သည် တစ်ယောက်နှင့်တစ်ယောက် တိုက်မိကြ၏။တစ်ယောက်မှာ တည်တည်ငြိမ်ငြိမ်ဖြင့် မေးလာသည်။

"ဘယ်လိုလဲ? ကိုယ့်ရဲ့ ပုံဆွဲစွမ်းရည်က နားလည်လွယ်တယ်မလား?"

နောက်တစ်ယောက်၏မျက်လုံးမှာ ဝိုင်းစက်သွားကာ စိုက်ကြည့်ရင်း ကတ်ထူစာအုပ်ကို တွန်းပေးလာသည်။ပိုင်ရှင်မှန်ထံသို့ ပြန်ပေးလိုက်ခြင်းပင်။

"ခင်ဗျားက ကျွန်တော်ကို ကစားနေတာပဲ–ဒီတစ်ကြိမ် ကျွန်တော် ခင်ဗျားနဲ့ဖက်ပြီး ဒုက္ခမခံတော့ဘူး"

ကျီရှန်ယွီ၏ပုံစံမှာ ခက်ထန်ပုံပေါက်သော်လည်း စိတ်ထဲတွင်မူ ပျော့ညံ့နေခြင်းဖြစ်၏။

"ရှစ်ဖောနဲ့ရှစ်မုက အရမ်းဖြောင့်မတ်တယ် ၊ သူတို့ ဘယ်လိုလုပ် ခင်ဗျားလို လူရမ်းကားမျိုးကို မွေးထုတ်ထားရတာလဲ?"

တင်းဟန်ပိုင်က ပြောသည်။

"အဲ့နှစ်ယောက်ကို ဘာလုပ်ရမှာလဲ ၊ ကိုယ့်ကို အရင်ဖြားယောင်းတာ မင်းပဲ မဟုတ်ဘူးလား?"

စာရွက်ကို ရောက်ရာပေါက်ရာနေရာသို့ လှန်လိုက်ပြီးကျယ်ပြောလှသည့်နေရောင်အောက် လိုင်းလတ်နှင့်လာဘ်လာဝါးပင်များ၏ရှေ့၌။

"ဒီပုံစံမျိုးကို 'ကွမ်ရင် ကြာပွင့်ပေါ် ထိုင်တဲ့ပုံစံ' လို့ခေါ်တယ် ၊ အဲ့ပုံစံရဲ့ ကောင်းတဲ့အချက်က အထဲကို နက်နက်ဝင်တာပဲ ၊ ဒီပုံစံကိုကျခေါ်တာကျတော့...."

(*cowgirl position ကိုပြောတာပါ)

ကျီရှန်ယွီ သူ့ပါးစပ်ကို အုပ်ရန် သူ့အား ခုန်အုပ်လိုက်သည်။ကြမ်းကြုတ်သော မျက်နှာပေးဖြင့်။သူ ဘယ်လိုလုပ် ဆိုးဆိုးရွားရွား မခံစားဘဲ နေနိုင်မှာလဲ။သူ ကျီရှန်ယွီအား သူ့လက်မောင်းကြားထဲ ဆွဲသွင်းလိုက်ကာ ကတ်ထူစာအုပ်ကို ပိတ်လိုက်ရင်း

"ကျန်းကျူး ၊ ဒါကို ဆွဲဖို့ ကိုယ်တစ်ညလုံးမအိပ်ဘဲနေခဲ့ရတာ ၊ လက်ဖက်ရည်ပြင်းပြင်းကတောင်မှ ကိုယ့်ကို နိုးကြားမလာစေဘူး ၊ ကိုယ်မင်းအကြောင်းတွေးမှပဲ ဒါကို ဆွဲလို့ပြီးသွားတာ"

ဆွေ့ယွီထုံကျူး [မြန်မာဘာသာပြန်]Where stories live. Discover now