Chapter 34

2.1K 463 171
                                    

[Unicode]

အခန်း ၃၄–ငါလိုလူက ဘာနဲ့တူနေပြီလဲ။

အကယ်၍ အိမ်၌ ကောင်းတာတစ်ခုခုဖြစ်လျှင် သူတို့သည် အများကောင်းကျိုးထမ်းရွက်တတ်သည့် ဘယ် လေဖုန်း*လေးက လုပ်လိုက်တာများလဲဟု ပြောမိကြလိမ့်မည်။အကယ်၍ အိမ်၌ မကောင်းတာတစ်ခုခုဖြစ်လျှင်တော့ တင်းယန်ရှုန်သည် သူ့သားအရင်း တင်းဟန်ပိုင်ကို အရင်သံသယဝင်လိမ့်မည်။

(*လေဖုန်း – တရုတ်နိုင်ငံရှိ အများအကျိုးအတွက် ထမ်းရွက်ခဲ့သည့် ပုဂ္ဂိုလ် ၊ ထို့အပြင် မြို့ကြီးသားဆိုတာ ဘယ်လိုလူမျိုးလဲဆိုသည်ကို သရုပ်ပြခဲ့သူ)

ကံကောင်းစွာဖြင့် သူ့သားမှာ ပွင့်ပွင့်လင်းလင်းရှိသူဖြစ်၏ –ထိုသူမှာ လုပ်ရဲလျှင် ခံရဲသည့်သူဖြစ်သည်။

တင်းဟန်ပိုင်သည် ထိုရေကန်ထဲရှိ ငါးများကို ကံဆိုးမိုးမှောင်ကျအောင် လုပ်ခဲ့သူမှာ သူဖြစ်ကြောင်း အမှန်တိုင်း ဝန်ခံသည်။ထမင်းစားစားပွဲသို့ ရောက်သည့်အခါတွင် တင်းဟန်ပိုင်သည် သူခုံသူမထိုင်ပေ။ကျန်းချိုင်ဝိမ်မှာ ဆံပင်မွှေးများ ကျွတ်သည်အထိ စဥ်းစားနေကာ သူမ၏တူနှင့် ကျီရှန်ယွီကြား၌ တောင်အသွယ်သွယ် မြစ်တသွင်သွင် ခြားနားထားသည့်ပုံပေါက်နေသည်ကို မြင်၍ သူမ မေးလိုက်သည်။

"ရှန်ယွီ ၊ သူနဲ့ ဘာဖြစ်ထားပြန်တာလဲ?"

ကျီရှန်ယွီ ကြွေပန်းအိုးကိစ္စကြောင့် ထိုသို့ ဖြစ်နေသည်ဟု ထင်မိသည်။ကောင်လေးပုံကျောက်စိမ်း ၊ အတွင်းဆက်ချိတ်စသည့်ကိစ္စများလည်းရှိခဲ့သေးရာ ကြွေပန်းအိုးကျမှ တင်းဟန်ပိုင်၏စိတ်ဆိုးခြင်းကိုခံရသည်မှာ သိ‌ပ်မဖြစ်နိုင်ပေ။သို့လင့်ကစား တင်းဟန်ပိုင်မှာ သူနှင့် ၈ ပေ အကွာလောက်ရောက်ပြီဆိုလျှင်တောင် အတော်လေး ဒေါသထွက်လာပုံရ၏။ဒီမနက် သူတို့နှစ်ယောက် ဆုံသည့်အချိန်တွင်လည်း တင်းဟန်ပိုင်သည် သူ့ခြေထောက်များကို အရှိန်တင်ကာ တန်းတန်းမတ်မတ်ပင် ထွက်ပြေးသွားသေးသည်။

စားပွဲခုံပေါ်၌ လမုန့်လေး တစ်ပိုင်းသာကျန်တော့သည်။တူနှစ်စုံသည် ထိုအရာကို တစ်ပြိုက်တည်း ညှပ်လိုက်မိကြကာ နှစ်ယောက်လုံး တစ်ပြိုင်တည်း တူရုတ်သွားကြပြန်သည်။တင်းဟန်ပိုင် ကျီရှန်ယွီကို ကြည့်လိုက်ရာ ခေါင်းငုံ့ထားသည်ကို မြင်သည်။သူ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်လိုက်၏။

ဆွေ့ယွီထုံကျူး [မြန်မာဘာသာပြန်]Where stories live. Discover now