Chapter 43

2.2K 371 78
                                    

အခန်း ၄၃ - ကိုယ်တစ်ချက်ပဲကြည့်ရုံပါ။

တစ်ညတာ နှင်းအပြင်းအထန်ကျပြီးနောက် ခြံဝန်းလေးမှာ အလွန်တရာပင် ဖြူဖွေးသွားတော့၏။တံစက်မြိတ် ၊ လက်ရန်းများ ၊ ပန်းခင်းနှင့် မြက်ခင်းများကအစ။အဝတ်လှမ်းသည့် နိုင်လွန်ကြိုးသည်ပင် အဖြူရောင်ကြိုးတစ်ချောင်းအသွင်သို့။အဆောက်အဦအတွင်း၌မူ ဂွမ်းကပ်စောင်အောက်တွင် သူတို့၏ခန္ဓာကိုယ်အောက်ပိုင်းသည် ရောထွေးလျက် ထင်းရှူးသားစံပယ်ရေမွှေး၏ရနံ့ကို အပူပေးနေကာ ပျော့ပျောင်းသွားစေသည်။

တင်းဟန်ပိုင်သည် အမြဲတမ်း အိပ်စက်ရာ၌ အခြားပစ္စည်းအကူထားတတ်သူမဟုတ် ၊ တစ်ခါတစ်ရံမှသာ တစ်စုံတစ်ခုအား ဖက်အိပ်လေ့ရှိသည်။ဤတစ်ကြိမ်၌ သူ့လက်မောင်းများမှာ လုံးလုံး နွေးထွေးနေသည်ဟု ခံစားရ၏။သူ ဖြည်းဖြည်းချင်း သူ့မျက်လုံးများကို ဖွင့်လိုက်ပြီး နှင်းခဲများလွှမ်းနေသည့် ပြတင်းပေါက်ကို ဦးစွာကြည့်လိုက်သည်။ထို့နောက် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည့် ကျီရှန်ယွီအား မြင်လိုက်ရသည်။

သူ့မျက်လုံးထောင့်စွန်းမှ ကျစင်းနေသော အဖြူရောင် မျဥ်းတစ်ကြောင်း။မျက်ရည်ခြောက်သွားရမှ စွန်းထင်းကျန်ခဲ့ခြင်းပင်။တင်းဟန်ပိုင် သုတ်ပေးရန် သူ့လက်ကို ဆန့်ထုတ်လိုက်ရာ သူ့အသားမာများက ကျီရှန်ယွီအား နာသွားစေ၍ နိုးလာတော့သည်။

"နိုးပြီလား"

သူ့အသံမှ အက်ရှရှဖြစ်နေ၏။

"ဒီမျက်ရည်စီးကြောင်းလေးကို ဘယ်လိုပြောရမလဲ? ကိုယ်တို့နှစ်ယောက် သင်္ဘောတစ်စီးပေါ်မှာ အတူတူနေဖို့ တိုးတက်မှုကနှစ်ပေါင်းတစ်ရာတောင် ကြာသွားတယ် ၊ ကိုယ်တို့ အိပ်ရာတစ်ခုတည်းမှာအိပ်ဖို့ တိုးတက်မှုက နှစ်ပေါင်းတစ်သောင်းကြာသွားတာပဲ"

ကျီရှန်ယွီ တည်ငြိမ်နေသေး၏။ထို့နောက်မှ သူ ရှက်လာသည်။အကြောင်းကား သူတို့နှစ်ယောက် ကုတင်တစ်လုံးထဲပေါ်၌ အိပ်နေခဲ့ခြင်းဖြစ်ကာ ရေမွှေး၏အနံ့ကြောင့် ပထမဆုံးပြဿနာရှာခဲ့မိသူမှာ သူဖြစ်နေ၍ပင်။သူ တစ်ဖက်သို့ လှည့်သွားကာ နောက်ကျောပေးလျက် ပြောသည်။

ဆွေ့ယွီထုံကျူး [မြန်မာဘာသာပြန်]Where stories live. Discover now