Chapter 55

1.9K 297 60
                                    

[Unicode]

အခန်း၅၅–မတွေ့မမြင်ရခြင်းက နှလုံးသားကို ပို၍အဆင်ခြင်ကင်းမဲ့လာစေ၏!

တင်းဟန်ပိုင် အပြင်ဘက် နံရံ၌ အကြာကြီးရပ်နေခဲ့သည်။မီးပုံးပျံလေးသည် မိုးကုပ်စက်ဝိုင်းထဲသို့ ဝင်ရောက်သွားသည့်တိုင် သူ ထိုနေရာ၌ ရပ်နေဆဲပင်။ရုတ်တရက် အထဲမှ ကျောက်စရစ်တစ်ခဲ ထွက်လာသည်။ဥယျာဥ်ထောင့်မှ ပစ်လိုက်သော ကျောက်စရစ်ခဲဖြစ်၏။

အနှီသည် ကျီရှန်ယွီ သူ့အား အချက်ပေးလာခြင်းပင်–ကျီရှန်ယွီ ထိုအရာကို မြင်လိုက်ပါ၏။

တစ်လှမ်းပြီးတစ်လှမ်း ဆုတ်ခွာလိုက်ကာ ထွက်ခွာသွားဖို့ရန် သူ ဝန်လေးမိပါသည်။တင်းမိသားစု၏အိမ်ရှေ့ဝင်ပေါက်ကို ဖြတ်သည့်အခါ သူ တစ်ချက်ကြည့်လိုက်ကာ သူ့မိဘများဘာတွေလုပ်နေမလဲဟု တွေးမိသည်။ချုန်းရွှေရပ်ကွက်သို့ ပြန်လာခဲ့ပြီး အဝတ်အစားများထုတ်ပိုးလိုက်သည်။သူ ရှန်ဟိုင်းသို့ ခရီးထွက်တော့မည်ဖြစ်သည်။

သူ လေလံဆွဲရန် စာရွက်စာတမ်းများကို မနက်စောစောက ပို့ခဲ့ကာ ညနက်သည့်အချိန် သူ ထွက်ခွာတော့မည်ဖြစ်သည်။သူ အိမ်ရောက်သည့်အခါ မနားဘဲ လေလံပွဲကို တန်းသွားရန် ပြင်နေသည်။ကျန်းစီနန် ကုတင်ပျဥ်ချပ်ကို သံရိုက်ရင်း သီချင်းတစ်ပုဒ်ညည်းနေကာ သူ လူငယ်အရွယ်က ရှန်ဟိုင်းကို ပထမဆုံးသွားသည့်အကြောင်း ပြန်တွေးနေသည်။ပြန်ရောက်လာသည့်အခါ သူ အခြားဘာကိုမှမလုပ်ပေ။အသက်မွေးပညာအပြင် အခြား မျက်စိကို သာယာစေမည့် "မှင်စာလေးများ" ကို ရှာမတွေ့ခဲ့ပေ။

တင်းဟန်ပိုင် ကိစ္စအားလုံးကို အလင်းအရှိန်ဖြင့် လုပ်ကာ လေဟုန်အသွင်ပြောင်းရင်း မသွားခင် ပိုက်ဆံအုပ်နှစ်အုပ်ထားခဲ့လေသည်။

"ဒါကြီးကို ပြန်ပြင်မနေနဲ့ ကုတင်အသစ်ဝယ်လိုက် ၊ ပြီးရင် ကျန်တဲ့ပိုက်ဆံကို သိမ်းထားလိုက်"

သူ ညွှန်ကြားနေပါ၏။

"အခွင့်အရေးရှိရင် ကျန်တဲ့တစ်အုပ်ကို ကျွန်တော့်ရဲ့ရှစ်တိကို ပေးပေး"

ကျန်းစီနန်က မေးလေသည်။

"ညက ဘာလုပ်နေလဲ? ဒါဆို မင်းတို့တကယ်ပဲ မတွေ့ခဲ့ဘူးပေါ့?"

ဆွေ့ယွီထုံကျူး [မြန်မာဘာသာပြန်]Where stories live. Discover now