Chapter 36

2.1K 435 118
                                    

[Unicode]

အခန်း ၃၆ – ချီဖမ်းခရီးစဥ် ၂

ဆောင်းရာသီ၌ ညတာမှာ အလွန်ကြာရှည်ပေ၏။ကျီရှန်ယွီ နိုးသည့်အခါ ကောင်းကင်တစ်ခုလုံးမှာ မှောင်မဲနေဆဲဖြစ်သည်။သူ နှစ်ခါအန်ခဲ့မိတာကြောင့်လည်း ဖြစ်နိုင်သည်။သူ့အသက်ရှူသံသည်ပင် ဖျော့တော့နေပြီး အားမာန်မရှိကာ ကွဲပြားခြားနားစွာဖြင့် သူ့နားထဲတွင်တော့ အားပြင်းသည့်နှလုံးခုန်သံကို ကြားနေရသည်။

သူ ယခုပဲ သတိထားလိုက်မိသည်။သူသည် သူ့စောင်အတွင်း၌ မရှိတော့ကာ ယခုလောလောလတ်လတ် တင်းဟန်ပိုင်၏လက်မောင်းကြား၌ ရောက်နေပေ၏။တစ်ဖက်လူသည် သူ့အား မျက်နှာချင်းဆိုင်အနေအထားမျိုးဖြင့် ပွေ့ဖက်ထားပြီး သူတို့ ရင်ဘတ်များမှာ အံဝင်ခွင်ကျဖြစ်နေကာ ခြေထောက်ချင်းလည်း ထပ်နေသည်။သူ ရုန်းထွက်လို့ မရဘဲဖြစ်နေကာ နူးညံ့ညင်သာစွာခေါ်လိုက်သည်။

"ရှစ်ကော"

အနှီရှစ်ကောမှာ အိပ်မောကျနေကာ အကြာကြီးကြာမှ ကယောက်ကတမ်းပြန်ထူးလေသည်။

"အစောကြီးရှိသေးတယ်"

တင်းဟန်ပိုင်၏လေသံမှာ မာနေပြီး သူ့လက်မောင်းကို လှုပ်လိုက်ကာ ကျီရှန်ယွီကို ပိုပြီး တင်းတင်းကျပ်ကျပ်
ဖက်လိုက်ပေ၏။တစ်ဖက်လူ၏ အနည်းငယ်အေးနေသော နှာဖျားလေးမှာ သူ့မေးရိုးဘေးသို့ ထိကပ်နေသည်။နည်းနည်းယားလာသည်ကြောင့် ပြုံးလိုက်ရင်း သူ့မျက်လုံးများကို ပိတ်ထားသည်။သူ အိပ်ချင်စိတ်ပျောက်သွားပြီဖြစ်သည်။

စားပွဲတင်မီးအိမ်ကို ဖွင့်လိုက်ကာ အောက်သို့ငုံ့ကြည့်ရင်း မေးသည်။

"ဘာလို့ ငါ့ကို ခေါ်တာလဲ?"

ကျီရှန်ယွီ သူ့မျက်လုံးကို အပေါ်သို့ပင့်ကြည့်ကာ:

"ကျွန်တော် ရှစ်ကောစောင်ထဲ ဘယ်လိုရောက်လာလဲမသိဘူး ၊ အဲ့အတွက် တောင်းပန်ပါတယ်"

တင်းဟန်ပိုင်က ပြောသည်။

"ကိစ္စမရှိဘူး"

သူ သဘောထားကြီးချင်ယောင်ဆောင်နေကာ တစ်ဖက်လူကို သူ့လက်မောင်းထဲ ဆွဲသွင်းသူမှာ သူဖြစ်ကြောင်း ဝန်ခံရန် အသင့်ဖြစ်မနေပေ။ပြန်ပြောပြီးနောက် သူ လွှတ်လည်းမပေးသေးချေ။သူတို့၏အကြည့်များသည် တစ်ယောက်ကိုတစ်ယောက် ငြိတွယ်နေကာ ထူးထူးခြားခြား တိတ်ဆိတ်နေပြီး မီးအလင်းရောင်ကိုပါ ထပ်ပေါင်းထည့်လိုက်သော် အနည်းငယ်ပိုပြီးနွေးထွေးလာ၏။

ဆွေ့ယွီထုံကျူး [မြန်မာဘာသာပြန်]Where stories live. Discover now