အခန်း(၁)-ဒီကောင့်ကို မျက်စိထဲတော်တော် ထောင့်မကျိုးဘူး။
တင်းဟန်ပိုင် နိုင်ငံရပ်ခြားမှ ပညာသင်ပြီး ပြန်လာခဲ့ချိန်မှာလည်း နွေအလယ်ပိုင်းတွင်ပဲဖြစ်၏။ မျက်စိတစ်မှိတ်အတွင်း၌ပင် တစ်နှစ်ကုန်သွားလေပြီ။
နွေအလယ်ပိုင်းတွင် လမ်းများပေါ်၌ မခံမရပ်နိုင်အောင် ပူလှသည်။ ဆူညံသံများနှင့်အပူဒဏ်သည် လူတစ်ယောက်၏သွေးကိုပင် ဆူပွက်လာစေနိုင်သည်။ ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲရေးဌာနတွင်မူ ဆန့်ကျင်စွာ အေးနေသည်။ အိုဟောင်းနေသော မီးခိုးရောင်အဆောက်အဦးသည် မေပယ်ပင်များ၏ အကိုင်းအခက်များနှင့် နံရံများပျောက်လုနီးနီး ဖုံးအုပ်နေပေသည်။ အစီအစဉ်တကျတည်ဆောက်ထားသော စတုရန်းပုံပြတင်ပေါက်များကိုသာ မြင်နိုင်လေသည်။
လေအေးပေးစက်သည် မနက်မှညနေအထိ ကြိုးကြိုးစားစား လည်ပတ်လျက်ရှိသည်။ အမျိုးသမီးများနှင့် အသက်ကြီးပိုင်းများသည် အအေးဒဏ်မခံနိုင်ကြသဖြင့် လေထွက်ပေါက်တည့်တည့်ခုံတွင် အသက်နှစ်ဆယ်ကျော်လူငယ်တစ်ယောက်သာထိုင်သည်။
" ရှောင်တင်း မင်းဖူကျင်းကို လုပ်ငန်းခရီးသွားချင်နေတာမလား"
အဖွဲ့မှူးရှီက ရုတ်တရက်မေးလာသည်။
" မင်းဒါရိုက်တာကျန်းဆီ လျှောက်လွှာတင်ပြီးပြီလား"
အဖွဲ့မှူးရှီမှာ မကြာခင်ပင်အနားယူတော့မည်။ အတွေ့အကြုံအရင့်ဆုံးဖြစ်သလို ပျင်းသည့်နေရာတွင် လည်းသူ့ထက်သာတဲ့သူမရှိ။ ထိုသို့မှမဟုတ်လျှင် သူ့အသက်အရွယ်၌ အဖွဲ့မှူးပဲဖြစ်နေလိမ့်မည်မဟုတ်။သူ ထိုသို့မေးသည်ကလည်း သိချင်၍မဟုတ်ပါ။အလုပ်မဆင်းခင် ကျန်နေသည့်မိနစ်အနည်းငယ်ကို ဖြုန်းတီးတတ်သည့် သူ့အကျင့်ပင်ဖြစ်၏။
" တင်ထားတာတော့ သုံးရက်ရှိပြီ ၊ ဒါရိုက်တာကျန်း ကအခုထိတော့မကြည့်သေးဘူး ၊ ကျွန်တော်တော့ သူ မျက်စိရှန်းသွားတယ်ထင်တာပဲ"
ပြန်ဖြေသည့်သူမှာ တင်းဟန်ပိုင်ဖြစ်သည်။ မကြာသေးခင်ကမှ အသက်နှစ်ဆယ်ပြည့်ကာယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲရေးဌာနတွင် အလုပ်လုပ်နေသည်မှာ နှစ်ဝက်ကျော်ကျော်ကြာပြီဖြစ်၏။ ရုံးတက်နောက်ကျတတ်သော်လည်း စောစောပြန်လေ့မရှိပေ။ သူ့ထိုင်ခုံအဖုံးသည် ဖဲစနှင့်ချုပ်ထားကာ သူ့ဖောင်တိန်ခွက်သည်ကား လေးထောင့်စပ်စပ် ငါးမျိုးစေ့ပုံစံမျိုးကိုသာ သုံးသည်*။ သူ အမြဲတမ်း နေနေကျပုံစံမှာ သူ့ခြေတံရှည်များကို ကွေးထိုင်ကာ မျက်မှောင်ကြုံ့နေလေ့ရှိသည့်ပုံစံမျိုးဖြစ်ပြီး အလုပ်ပြီးသွားသောအခါ အပန်းဖြေရန် ဘယ်ကိုသွားရမလဲဟုစဉ်းစားနေတတ်သည်။
YOU ARE READING
ဆွေ့ယွီထုံကျူး [မြန်မာဘာသာပြန်]
RomanceAuthor : Bei Nan Status - 62 chapters+3extras I own nothing of this novel. This is just a fan translation. Full credit to the original author and artists. Cover photo credits to the owner.