[Unicode]
အခန်း ၂၁ - ပါးစပ်ထဲရောက်ခါနီးမှ စားမည့်ဘဲ ထပျံ
အရိုးများပြန်ဆက်သွားရန်နှင့် အရွတ်များပြန်သက်သာလာရန် ရက်ပေါင်း ၁၀၀ လောက် အချိန် လိုအပ်သည်။သူ၏အဓိကအစိတ်အပိုင်းပါ ဒဏ်ရာရခဲ့သည်ကြောင့် ကျီရှန်ယွီ အေးဆေးအနားယူနေရကာ ထိုအရာပြန်လည်သက်သာလာစေရန် စောင့်နေခဲ့ရသည်။သူ နားပြီးရင်း နားပြီးသွားသည့်အခါ သူ၏နွေရာသီပိတ်ရက်များမှာ ကုန်ဆုံးသွားပြီဖြစ်သည်။
ကျောင်းပြန်မဖွင့်ခင် တစ်ရက်အလို၌ သူ့ဆရာအားခွင့်တိုင်ပေးရန် တင်းယန်ရှုန်ကိုသွားရှာသည်။သူ အရှေ့ခြံဝန်းရှိ စာဖတ်ခန်းထဲသို့ ရောက်ရန် မိနစ် ၃၀ လောက်အချိန်ယူ လမ်းလျှောက်ရသည်-သူ၏ခြေလှမ်းများသည် ခြေထောက်၌ ဒဏ်ရာရထားသည့် အဘွားအိုကြီးတစ်ယောက်ထက်ပင် ပိုစိတ်သည်။အဲ့လောက်ကြီးမနာတော့သော်လည်း ကုတင်ပေါ်မှဆင်ပြီး အပြင်ထွက်၍ သွားသွားလာလာလုပ်နိုင်သည့် သူ့လှုပ်ရှားမှုများမှာတော့ အကန့်အသတ်ရှိသေးသည်။
စာဖတ်ခန်းသည် အလွန်တရာပင် ရှုပ်ပွနေသည်။အဖိုးတန်ကျောက်များ ၊ စာအုပ်များ ၊ ဖောင်တိန်နှင့် မင်များမှာလည်း နေရာတကျမဟုတ်ပေ။တင်းယန်ရှုန်သည် စားပွဲခုံနောက်တွင်ရှိနေကာ သူ့ခေါင်းလေးပင် ပေါ်နေသည်။ကျန်သည့်အစိတ်အပိုင်းများမှာ ကျောက်မျက်ရတနာများဖြင့် ကွယ်နေ၏။
"ရှစ်ဖော"
ကျီရှန်ယွီက ခေါ်သည်။
"အလုပ်ရှုပ်နေလား?"
တင်းယန်ရှုန်က ပြော၏။
"ဘယ်လောက်ပဲ အလုပ်ရှုပ်ရှုပ် ရှစ်ဖောရဲ့ တပည့်လေးပြောတဲ့စကားကိုတော့ နားထောင်ပေးနိုင်ပါသေးတယ် ၊ ပြီးတော့ ရှစ်ဖော အဲ့လောက်လည်း အလုပ်မများပါဘူး"
ကျီရှန်ယွီ သူ၏ဒဏ်ရာမှ နာကျင်မှုများကို ခဏမေ့သွားကာ သူ့မျက်နှာလေးမှာလင်းလက်လာသည်။သူ တင်းယန်ရှုန်၏ဘေးဘက်ကို ကြည့်နေပြီး သူ ထိုကျောက်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည် - လေးထောင့်ပုံစံ အစိမ်းရင့်ရောင် ကျောက်စိမ်းတစ်ခုပေါ်၌ ထင်းရှူးသားနှင့်ကျောက်ပန်းများဖြင့် ထုထွင်းထားသည့် တောင်တန်းပုံမှာသုံးပုံလောက်ပြီးနေပြီဖြစ်သည်။
YOU ARE READING
ဆွေ့ယွီထုံကျူး [မြန်မာဘာသာပြန်]
RomanceAuthor : Bei Nan Status - 62 chapters+3extras I own nothing of this novel. This is just a fan translation. Full credit to the original author and artists. Cover photo credits to the owner.