Chapter 46

1.8K 348 94
                                    

[Unicode]

အခန်း ၄၆–တင်းဟန်ပိုင်ရဲ့ ကြက်သတ်တဲ့ပုံလေးကို မြန်မြန်ဖတ်ကြည့်ကြပါဦး။

နှစ်သစ်ကူးပွဲတော်မှာ တိတ်ဆိတ်သည့်ပွဲတော်ဟု သတ်မှတ်၍မရ။ဗြောက်အိုးသံများ ၊ အနီရောင်မီးပုံးများ ၊ ကြွပ်ရွလှသည့် မြေပဲဗူးများဖြင့် နှစ်သစ်ကူးအငွေ့အသက်များ ထုတ်လွှတ်နေပေ၏။တင်းမိသားစု၌ မိသားစုဝင်များကာ နှစ်သစ်ကူးရောက်တိုင်း စုဝေးကြပြီး စားပွဲအပြည့် အစားအသောက်ကောင်းများဖြင့် ပါတီလုပ်လေ့ရှိကြသည်။

မီးဖိုချောင်၌ ကျပ်ညပ်နေသည်။တင်းအာ့ဟယ်သည် အဆာသွတ်ရန် အသားများကို လှီးနေကာ ကျီရှန်ယွီမှာ ဂျုံမှုန့်ကိုနယ်နေသည်။အခြားသူများသည်လည်း ကိုယ်စီအလုပ်ရှုပ်နေကြသည်။အလျင်စလိုလှမ်းလာသည့် ခြေလှမ်းသံများကို ကြားလိုက်ရသည့်အချိန် လူတိုင်း ခေါင်းထောင်ကြည့်ကြရာ တင်းဟန်ပိုင်ကို မြင်သည်။အနှီသူသည် အင်္ကျီကို ခေါက်တင်ထားကာ အလျင်စလိုဝင်လာသည်။တစ်ကိုယ်လုံးတွင်ကား ကြက်မွှေးများဖြင့်။

ကျန်းချိုင်ဝိမ်က မေးသည်။

"ဘာလုပ်နေတာလဲ?"

တင်းဟန်ပိုင်က ပြောလေသည်။

"ရှောင်းရီအစ်မက ကျွန်တော့်ကို ကြက်သတ်ခိုင်းလို့လေ ၊ အဲ့ကြက်က တစ်ဝိုင်းလုံးပတ်ပြေးနေလို့"

သူ မီးဖိုချောင်သုံးဓားကို ချကာ သူ့လက်များကို ဆေးကြော၏။

ကျီရှန်ယွီက မေးသည်။

"အဲ့တော့ ရှစ်ကောက ကြက်ဆက်မသတ်တော့ဘူးလား?"

တင်းဟန်ပိုင် အသေအချာကို ငေးကြည့်လိုက်သည်။ထိုကောင်လေးသည် အေပရွန်ကို ဝတ်ထားကာ ကြိုးကို ချည်ထားရင်း သူ့ခါးကို ပြသနေသည်။သူသည် သူ၏သန့်ရှင်းသပ်ရပ်သော လက်နှစ်ဖက်ဖြင့် ဂျုံနယ်နေလေသည်။ဘယ်အရာက ပိုစိတ်လှုပ်ရှားစရာကောင်းလဲ အရှင်းကြီးပဲမလား။

"သတ်မယ် မင်းအဖော်လိုက်ခဲ့"

သူ သူ၏ရည်ရွယ်ချက်ကို အားလုံး၏အကြည့်အောက်မှ ရှောင်ရှားကာ သူ့မျက်လုံးကိုပင် မှိတ်ပြလိုက်သေးသည်။

ဆွေ့ယွီထုံကျူး [မြန်မာဘာသာပြန်]Where stories live. Discover now