Chapter7

2.6K 599 27
                                    

[Unicode]

အခန်း၇-ပြန်ခံမှမပြောရရင် အနှီသူက သေသွားနိုင်တယ်။

ကျီရှန်ယွီ သူ၏အတန်းဖော်များက သူအား အပြင်ထွက်လည်ရန်ခေါ်မည်ဟု မျှော်လင့်မထားပေ။အိမ်မှမနက်စောစောထွက်လာကာ ယန်ကျုန်မှယူလာသည့် ဝှက်ထားသည့်ပိုက်ဆံများကို သူတို့အား မုန့်ဝယ်ကျွေးရန် ထည့်လာသည်။တကယ်တော့ ယန်ကျုန်မှာတုန်းက ရင်းနှီးသည့်သူငယ်ချင်းအနည်းငယ်တော့ ရှိသည်။သို့သော် သူ့ရှစ်ဖောဆုံးပြီး ရှစ်မုက သူ့ကိုနှင်ထုတ်လိုက်သည့်အခါ ခိုလှုံရန် အရိပ်အာဝါသရှာနေခဲ့ရသည်ကြောင့် ကွဲကွာသွားသည့် သူ၏သူငယ်ချင်းများကို ဂရုစိုက်ချိန်မရလိုက်။

သူသည် သူ၏အတန်းဖော်အချို့နှင့် အနီးနားတစ်ဝိုက်လည်ပတ်ခဲ့ကြသည်။သူတို့က သူ့အား ရုပ်ရှင်ကြည့်ရန်ခေါ်သွားသည်။တက္ကသိုလ်ဝန်းများတွင် ခိုးကြောင်ခိုးဝှက်လမ်းပတ်လျှောက်ကြသည်။မရင်းနှီးသည့် လမ်းများကြား လျှောက်ပြေးခဲ့ကြသည်။သူတို့သည် နေလည်စာကိုလည်း အပြင်မှာပင် စားလိုက်သည်။သူ စကားဝင်မပြောသော်လည်း သူတို့ပြောနေကြသော အတန်းထဲ၊အဖွဲ့ထဲရှိ အသေးအဖွဲကိစ္စလေးများကို ဒီတိုင်းလေးပဲ နားထောင်နေသည်။ရယ်စရာရှိလျှင် အကြာကြီး ရယ်လိုက်သည်။နောက်ဆုံး အခြားသူများက သူ့အား အိမ်စာအတွက်ကူးလို့ရလားဟု မေးလာသည့်အခါ သူအကြာကြီးတွေဝေနေခြင်းမရှိဘဲ သဘောတူလိုက်သည်။

သူတို့ စားသောက်ဆိုင်ထဲမှထွက်လိုက်သည်နှင့် ချစ်ချစ်တောက်ပူနေသည့်နေပူထဲသို့ ရောက်သွားသည်။လူတိုင်းက နောက်ထပ်ဘာလုပ်လျှင်ကောင်းမလဲဟု တွေးနေကြသည်။အတန်းခေါင်းဆောင်သည် သမ်းလိုက်ပြီး သူအိမ်သို့ပေါ်ကာကစားရန် ခေါ်လေသည်။ကျီရှန်ယွီ ပေါ်ကာ ကစားရတာမကြိုက်သည်ကြောင့် မေးလိုက်သည်။

"ပြတိုက်သွားရင်ရော?"

လူတိုင်းက သူ့ကိုဝိုင်းရီကြပြီး သူ့ကိုခေတ်မမီဘူး ဟုပင် ပြောလိုက်ကြသေးသည်။သူ တိတ်တိတ်လေးသာနေလိုက်ပြီး နောက်ထပ်အကြံပြုချက်များကို ထပ်မပြောတော့ပေ။သို့သော် သူ ထိုနေရာကို တကယ်သွားချင်သည်။အနှီမြို့သည် ရှေးဟောင်းမြို့တစ်မြို့ဖြစ်ကာ မြို့ကြီးလည်းဖြစ်သည်ကြောင့် ရှေးဟောင်းနေရာအတော်အများနှင့် ထင်ရှားသည့်ပုဂ္ဂိုလ်များနေထိုင်ခဲ့သည့် အဆောက်အဦများ ရှိလိမ့်မည်။သို့သော် အားလုံးထဲမှာမှ သူ ပြတိုက်ကို အသွားချင်ဆုံးဖြစ်၏။

ဆွေ့ယွီထုံကျူး [မြန်မာဘာသာပြန်]Where stories live. Discover now