Chapter 30

1.9K 402 49
                                    

[Unicode]

အခန်း ၃၀–စိတ်ပျက်လက်ပျက်ဖြစ်သွားတဲ့ ကျန်းကျူး

တင်းဟန်ပိုင် ရေအေးယူကာ သူ့မျက်နှာကို သစ်လိုက်သည်။မျက်နှာသစ်အပြီး စိတ်နှင့်ကိုယ်နှင့်ပြန်ကပ်သည့်အချိန် ကျန်းယင်သည် သူထိုင်နေသော ခုံကို ဆွဲကာ ထိုင်နှင့်ပြီးဖြစ်သည်။သူတို့သာ ရန်သူတွေမဟုတ်လျှင် တွေ့ချင်မှ တွေ့လိမ့်မည်။သူ သေလျှင်တောင် ကျန်းယင်၌ ထိုနေရာတွင် တွေ့လိမ့်မည်ဟု ထင်မထားချေ။

သူ အားပါပါနှင့် ဆို၏။

"ခင်ဗျားက ဘယ်သူလဲ?"

ကျန်းယင်သည်လည်း သက်တန့်ကြီးတစ်ခုသဖွယ် မာန်အပြည့်နှင့်ဆိုသည်။

"ငါက သူ့ သား !"

တင်းဟန်ပိုင် ရိုင်းပျသည့်စကားလုံးများဖြင့်ဆဲဆိုတော့
သည်–သူ လူများအား ငေါက်ငမ်းရသည်ကို ကြိုက်သော်လည်း တစ်ခါတစ်ရံမှသာ ရိုင်းရိုင်းပျပျဆဲဆိုသည်။သို့သော် ယခုတစ်ကြိမ်တွင်တော့ သူဆဲရေးအောင် အခြေအနေက ဖိအားပေးနေ၍ဖြစ်သည်။သူ အကြာကြီး စဥ်းစားနေမိသည်။

ဘယ်လိုဖြစ်လို့ ကျန်းစီနန်မှာ သားရှိနေရတာလဲ? ပြီးတော့ ဘာလို့ ငလူး ကျန်းယင်ဖြစ်နေရတာလဲ?

ကျန်းယင်သည်လည်း ကိစ္စရပ်အလှည့်အပြောင်းများကြား အံ့သြသင့်နေသည်။

"ခင်ဗျား ဘယ်လိုလုပ်သူ့ကိုသိတာလဲ?"

သူ ကျန်းစီနန်ကို စိုက်ကြည့်နေကာ ပစ္စည်းအဟောင်းဝယ်ယူသည့်လျှောက်လွှာကို ရုတ်တရက် သတိရသွားသည်။

"အဲ့လျှောက်လွှာကိစ္စက သူခင်ဗျားကို ကူညီပေးတာလား ၊ အဲ့ကိစ္စကြောင့် ခင်ဗျားတို့ တစ်ယောက်နဲ့တစ်ယောက် မျက်မှန်းတန်းမိသွားတာလား ၊ မျက်မှန်းတန်းမိရုံတင်မလုံလောက်လို့ မိတ်ဆွေတွေပါဖြစ်နေကြတာလို့တော့ ကျုပ်ကို မပြောနဲ့နော်"
တင်းဟန်ပိုင် ရှေးဟောင်ပစ္စည်းများကို နှစ်ခြိုက်မှန်း သူ ရှင်းရှင်းလင်းလင်း သိသည်။ထို့ကြောင့် တစ်ဖက်လူနှင့် ကျန်းစီနန် ပလဲနံပသင့်သည်မှာ ထူးဆန်းသည့်ကိစ္စမဟုတ်ပေ။သို့သော် သူတို့နှစ်ယောက်ကြားရင်းနှီးရန် ကျန်းစီနန်သည် သူ့အရည်အချင်းများကို ထုတ်ပြရန် လိုအပ်ပေသည်။

ဆွေ့ယွီထုံကျူး [မြန်မာဘာသာပြန်]Where stories live. Discover now