Chapter 38

2K 433 157
                                    

[Unicode]

အခန်း ၃၈ – ရှစ်တိ ဟုတ်လား?

လေနှင့်နှင်းများမှာ တဖြည်းဖြည်း ငြိမ်လာလျက်။တင်းဟန်ပိုင်၏စိတ်မှာလည်း တဖြည်းဖြည်း ရှင်းလင်းလာသည်။ပိုပြီးရှင်းလင်းလာလေလေ သူ ပိုဝမ်းသာလာမိလေလေဖြစ်သည်။လောကနိယာမကို ချိုးဖောက်လိုက်ပြီဖြစ်ရာ ထူးဆန်းလှသည့် ပီတိဖြာသောခံစားချက်မျိုးကိုလည်း ခံစားနေရသည်။သူ နှင်းထူထူနေရာ၌ ရှိနေကာ မီတာတစ်ရာလောက်နီးနီးတွင် ပြေးထွက်သွားလေသော ပုံရိပ်မည်းလေးတစ်ခုကို မြင်နေရသည်။အော်ခေါ်လိုက်ရာ တစ်ဖက်လူမှာ ပိုပြီးအရှိန်တင်ရင်း ပြေးသွားသည်ကိုသာ တွေ့လိုက်ရသည်။

အလန့်တကြားဖြစ်သွားသည့်အချိန်မှ ယခု စိတ်ငြိမ်သွားသည့်အချိန်အထိ ကျီရှန်ယွီ သူ ဘာကို ခံစားနေရလဲ မပြောတတ်သေးပေ။သူ နှင်းတောကြီးထဲ၌ ယိမ်းထိုးပြေးနေကာ သူ့နှုတ်ခမ်းမှာတော့ လက်ကျန်အနွေးဓာတ်ကလေး ကျန်နေသေးပုံရသည်။သူ၏ဦးခေါင်းမှာ ကောင်းကင်ပေါ်မှ ကျဆင်းလာသည့် နှင့်ပွင့်လေးများအလား နားမလည်နိုင် မခွဲခြားနိုင်ဖြစ်နေသည်။

သူ ပြေးရင်းပြေးရင်း နောက်ဆုံး သူဒူးမှာ ခွေကျသွားလေသည်။သူ့မျက်နှာသူ ကွယ်လိုက်ရင်း စတင်၍ အတုန်တုန်အယင်ယင်ဖြစ်လာတော့သည်။

တင်းဟန်ပိုင်မှာ သူအား နမ်းလာခဲ့သည်။သူ့နှုတ်ခမ်းများနှင့် ထိတွေ့ရန် တင်းဟန်ပိုင်၏နှုတ်ခမ်းကိုအသုံးပြုပြီးတော့လေ။

သူ့အတွေး သူ့ထင်မြင်ယူဆချက်များမှာ ထိုအနမ်းကြောင့် အစိတ်စိတ်အမြွှာမြွှာကွဲကြေသွားလေပြီ။နှုတ်ခမ်းနှစ်ခု ပွတ်တိုက်ရင်း လျှာချင်းပါ ချိတ်တွယ်လာသည့် အနှီအနမ်းက ဘယ်လိုလုပ်..... သူ ဘယ်လိုလုပ် လက်မြှောက်ပြီး တင်းဟန်ပိုင်ကို နားလည်ပေးနိုင်ဖို့ဖြစ်နိုင်မှာလဲ။မြင်းခွာသံများကို သူနားထဲတွင် ကြားလာရကာ တင်းဟန်ပိုင် သူ့ကို မိသွားပြီဟု သူသိလိုက်သည်။တင်းဟန်ပိုင် သူ့ကို အော်ခေါ်နေသည့်အသံကိုပါ ကြားနေရသည်။

အစတုန်းက သူမုန်းခဲ့သည့် ထိုနာမည်ကျီကျန်းကျူး။

သို့သော်လည်း ယခုအချိန် သူ ကြားလိုက်ရသည့်အခါတွင်တော့ သူ ကြောက်ရွံ့မှုများကိုသာ ခံစားနေရသည်။

ဆွေ့ယွီထုံကျူး [မြန်မာဘာသာပြန်]Donde viven las historias. Descúbrelo ahora