Chapter 18

2.3K 470 61
                                    

[Unicode]

အခန်း (၁၈) - ငါမင်းကို ပွေ့ဖက်လိုက်မယ်ဆိုရင်ရော မင်းဘာပြန်လုပ်မှာလဲ ။

'ဗလူဘမ်း' စျေးဘေးနား၌ ပြင်သစ်စားသောက်ဆိုင်တစ်ဆိုင်ရှိ၏။အစောပိုင်းရက်များအတွင်း အရောင်းအဝယ် သိသိသာသာကျဆင်းနေရာ ပဲနို့နှင့်အီကြာကွေး စရောင်းသည့်နောက်ပိုင်းမှ အကောင်းဘက်သို့ပြန်ဦးတည်စပြုလာသည်။လက်ရှိ၌ ကျီရှန်ယွီသည် သားရေဆိုဖာပေါ်တွင်ထိုင်နေကာ
ပဲနို့ ၊ အီကြာကွေး နှင့် အရွက်ချဥ်များကို စားနေရင်း စားပွဲပေါ်ရှိ လတ်လတ်ဆတ်ဆတ်ပန်းများနှင့် ဖယောင်းခွက်ကို သဘောတကျ ရှုစားနေသည် ......

သူ၏စားချင်သောက်ချင်စိတ်နှင့် စူးစမ်းလိုစိတ်မှာ ညီတူမျှတူဖြစ်နေလေသည်။

တင်းဟန်ပိုင် : " စီးပွားရေး မကျဆင်းခင်ကတော့ ဒီဆိုင်က 'ဗလူဘမ်း' ဆိုတဲ့ ပြင်သစ်လူမျိုးတစ်ယောက်ဖွင့်ထားတဲ့ ဟိုတယ်တစ်ခုလေ ၊ နောက်ပိုင်းကျတော့ ဒီစျေးက အဲ့နာမည်ကိုပဲ ယူလိုက်တာ  ၊ အရောင်းအဝယ်လည်း တအားမဆိုးပါဘူး ၊ နိုင်ငံခြားသားအများစုက ဒီမှာပဲ သဘောတူစာချုပ်တွေလာချုပ်ကြတယ် ၊ ပြီးတော့ ဒီမှာ အနောက်တိုင်းပစ္စည်းကောင်းတွေ အများကြီးရှိတယ် ၊ ဒီစားသောက်ဆိုင်ကတော့ အရင်နှစ်တွေတုန်းက ပိုင်ရှင်ပြောင်းသွားပြီ ၊ တရုတ်စားသောက်ဆိုင်ဖြစ်သွားတာက လွဲပြီး ကျန်တာဘာမှ မပြောင်းလဲသွားဘူး"

ကျီရှန်ယွီ တင်းဟန်ပိုင်ရှင်းပြနေသည်ကို ငြိမ်ငြိမ်လေး နားထောင်နေသည်။ပဲနို့တစ်ခွက်သောက်ပြီးသည့်အခါ ချွေတာမည့်ပိုက်ဆံအနည်းငယ်ကို သူ့အိတ်ကပ်ထဲသို့ ထည့်ကာ တင်းဟန်ပိုင်နှင့်အတူ ပြန်ထွက်သွားသည်။ စျေးထဲ၌ ဝယ်သူများမှာ ရှေ့သွားလိုက်နောက်သွားလိုက်ဖြင့်။ သတ္တုပစ္စည်းရောင်းသည့်ဆိုင်များမှ လွဲလျှင် ကျန်သည့်ဆိုင်များမှာ လုပ်ပြီးသားပစ္စည်းရောင်းသည့်ဆိုင်များဖြစ်ရာ လျှောက်ကြည့်ရန် အလွန်တရာမှတန်လေသည်။

ကျီရှန်ယွီသည် ပစ္စည်းပြသထားသည့် မှန်ပြတင်းပေါက်ခန်းရှေ့တွင်ရပ်လိုက်ကာ အထဲရှိ လက်မှုပစ္စည်းကောင်းတစ်ခု၏ဖမ်းစားခြင်း ခံလိုက်ရသည်။

ဆွေ့ယွီထုံကျူး [မြန်မာဘာသာပြန်]Where stories live. Discover now