Chapter 58 (part2)

1.1K 184 17
                                    

[Unicode]

ဒီတစ်ခေါက် တင်းမိသားစုတွင် လှုပ်ခတ်သွားသည့် ငလျင်မှာ တကယ့်ကို အရှိန်မသေးပေ။ သုံးရက်ပင်မပြည့်သေး။ အနှီသတင်းကား ထိုအလုပ်တစ်နယ်ပယ်လုံးတွင် ပျံ့နှံ့နေနှင့်ပြီးလေပြီ။ တင်းဟန်ပိုင် သူ့အသက်မွေးဝမ်းကျောင်းအလုပ်အား ပြောင်းလိုက်သည်ကို ကျေးဇူးတင်ရမည်။ ရှေးဟောင်းပစ္စည်းအသိုင်းအဝိုင်းက သတင်းရမြန်၏။ အိုး ယခု တင်းဟန်ပိုင်လူငယ်လေးကတော့သူ့အသက် ၂၀ မပြည့်ခင်မှာပင် သူ့နာမည်သူ ထွင်းခဲ့ပြီးသားဖြစ်သည်။

ယခု အခြေအနေတွေက ဒီလိုဖြစ်လာတော့မှ မိသားစုအမွေ မခွဲရစရာအကြောင်းမရှိတော့ပေ။ယွီရှောင်းကျီဆိုင်တင်မက နံရံလေးတစ်ခုသာခြားသည့် ခြံဝန်းကျယ်တစ်ခုထဲတွင်လည်း အတူနေနိုင်စရာအကြောင်းမရှိတော့ပေ။ တင်းယန်ရှုန် အလွန်အမင်း နာမကျန်းဖြစ်ခဲ့ပြီးနောက်သက်သာလာရာ ဆေးရုံဆင်းခွင့်ရပြီဖြစ်သော်လည်း သူ ထိုကိစ္စများကို ရှောင်လွှဲနေချင်သေးပုံရကာ တကယ်ပင် ဆေးရုံ၌၂ ရက်ထပ်နေရန် စဉ်ထားသေးပါ၏။

ကျန်းရှုလျှိုမှာ လှုံ့ဆော်ပေးရသူဖြစ်လာသည်။ ထိုသူမှာ ဆေးရုံတွင် နေချင်နေခဲ့သော်လည်း သူ(မ)သည်တော့ ဆေးရုံတွင် ပြေးလွှားမနေချင်ပေ။ ထို့ကြောင့် သူ(မ)က သူ့အား နှစ်ရက်အတွင်း ဆေးရုံဆင်းရန် သတိပေးလာသည်။ တင်းယန်ရှုန် ချောင်းဆိုးလိုက်ကာ

"တတိယဆိုင်က လည်ဆွဲသစ်လေးတွေ တော်တော်လှတာကွာ ၊ ကိုယ် မင်းအတွက် တစ်ကုံပေးမယ်လေ"

ကျန်းရှုလျှိုက ပြောသည်။

"ကျွန်မမှာရှိတဲ့ လက်ဝတ်ရတနာတွေကဖြင့် အံဆွဲအပြည့်ပဲ ၊ အဲ့လောက်လေးကို ကျွန်မက မက်နေမယ်ထင်လား?"

သူတို့ ချစ်ကြိုက်သည့်အချိန်မှစ၍ လက်ထပ်ပြီးသည်အထိ သူ လက်ဝတ်ရတနာပေါင်းများစွာကို လက်ဆောင်ရခဲ့သော်လည်း ကံခေစွာဖြင့် ထိုထဲတွင် လည်ဆွဲမှာ တစ်ကုံးနဲ့ လက်ကောက်မှာတော့ ၂ ခုသာရှိသည်။ သူ(မ) ပြောလတ်စ စကားကို ရပ်လိုက်ကာ မေး၏။

"မိသားစုအမွေခွဲတာ ကျွန်မတို့က သားအရင်းကိုကျ အမွေပြတ်စွန့်ပစ်ထားတယ် ၊ မွေးစားသားကလည်း ဘာအမွေစုမှ ရမှာမဟုတ်ဘူး ၊ တင်းအန်ရဲ့အရည်အချင်းကလည်း အဲ့လောက်မကောင်းဘူး... နောက်ယွီရှောင်းကျီရဲ့ အနာဂတ်အတွက် ဘယ်လိုလုပ်မှာလဲ?"

ဆွေ့ယွီထုံကျူး [မြန်မာဘာသာပြန်]Where stories live. Discover now