Chapter 8

2.5K 580 41
                                    

[Unicode]

အခန်း ၈–အကျင့်စာရိတ္တပျက်ဆီးမှုကြောင့် ရှက်မိခြင်း

"ဒီအစုက အလယ်အလတ်အရည်အသွေးပဲရှိတယ် ၊ သိသာတဲ့နေရာမှာထားဖို့ မလိုဘူး ၊ နိုင်ငံခြားခရီးသွားတွေလာရင် ငါတို့မှာပစ္စည်းကောင်းတွေမရှိဘူးလို့ ထင်သွားလိမ့်မယ်"

တင်းဟန်ပိုင် ပြတိုက်ခန်းမ၏ မြောက်ဘက်နံရံကို ညွှန်ပြလိုက်သည်။

"ရှင်းပြတဲ့ဘုတ်ပြားက အပြင်မထုတ်ရသေးဘူးလား ၊ ဆန်းစစ်ချက်စာတမ်းကို အရင်ရက်တွေကတည်းက တင်ထားပြီးသားနော်"

သူ တစ်ဖက်လူပြန်ဖြေရန် မစောင့်ခဲ့ချေ။ သူ့အကြည့်သည် လှပ၍ အသားဖြူဖြူ ကျက်သရေရှိသောအမျိုးသမီးကိုကြည့်ရန် ရွေ့လျားသွားသည်။ သူချက်ချင်းလက်ငင်း ထိုအမျိုးသမီး၏ပခုံးပေါ်သို့ သူ့လက်များကိုတင်လိုက်လေသည်။

" ဘယ်မိသားစုက မိန်းကလေးလဲဗျ?"

ကျန်းချိုင်ဝိမ် အလန့်တကြားဖြစ်သွားလေသည်။ သူလန့်ဖြန့်သွားသောမျက်နှာဖြင့် သူ့ကိုလှည့်ကြည့်လာသည်။

" နင်ကဘယ်လိုလုပ်ဒီရောက်နေတာလဲ?"

တင်းဟန်ပိုင်ကပြောသည်။

" ကျွန်တော် အလုပ်လုပ်နေတာ ၊ မနက်အစောကြီး ရုံးကဖုန်းဆက်ခေါ်လို့"

သူပြောပြီးသည်နှင့် ဘေးကိုတစ်လှမ်းတိုးလိုက်ရာ သူ့ဘေးရှိအမျိုးသမီး ပေါ်လာလေသည်။

" ပြတိုက်မှူးကို သွားရှာလိုက်ဦးမယ် ၊ ရှောင်ရီတို့နှစ်ယောက် စကားပြောနှင့်ဦးလေ"

ထိုအမျိုးသမီးကို ရှန်းမင်ရီဟု‌ခေါ်သည်။ သူမသည် တင်းဟန်ပိုင်နှင့် ငယ်ငယ်တည်းကသိကျွမ်းခဲ့ပြီး ကျန်းချိုင်ဝိမ်နှင့် သက်တူရွယ်တူဖြစ်သည်။ သူတို့သည် အတန်းတူများဖြစ်ကာ သူမသည် ပြတိုက်မှဝန်ထမ်းဖြစ်လေသည်။ အမျိုးသမီးနှစ်ယောက်သည် ရင်းရင်းနှီးနှီး တွေ့ဆုံကြတော့သည်။ တင်းဟန်ပိုင်မှာ အလုပ်ဆက်လုပ်ရန် လိုသေးသည်။ ပြန်တွေးကြည့်သော် ကျန်းချိုင်ဝိမ်ပြတိုက်သို့ ဘာကြောင့်လာသည်ကို သိချင်မိလေသည်။

ဆွေ့ယွီထုံကျူး [မြန်မာဘာသာပြန်]Where stories live. Discover now