Chapter 50

1.6K 281 37
                                    

[Unicode]

အခန်း ၅၀–မင်းရူးသွားပြီပဲ!

နွေဦးအစ ယွီရှောင်းကျီအတွက်အရေးအကြီးဆုံးကိစ္စမှာ ပစ္စည်းအသစ်များ ပြင်ဆင်ခြင်းပင်–ကြက်သွေးကျောက် ၊ တန်ဟောင်ကျောက် ၊ ကျောက်စိမ်းနှင့်အဖြူရောင်ကျောက်စိမ်းများ။ကုန်ကြမ်းများမှအစ အတိုင်းအတာများအထိ ၊ ပုံစံကအစ စျေးနှုန်းများအထိ သူတို့ ထိုအရာအားလုံးကို တွက်ချက်ရကာ အပ်ချည်မျှင်တစ်ခုစာလေးပင်ကွာခြားချက်မရှိအောင် တိကျရသည်။

ကြည်နူးဖွယ်ကောင်းပြီး ပြီးပြည့်စုံသည့်အချစ်ရေးတစ်ခုကို လက်ခံရရှိပြီးသွားနောက် တင်းဟန်ပိုင်၏သဘောထားမှာ ပြောင်းလဲသွားကာ ကြိုးစားပမ်းစားတာဝန်ကျေပွန်စွာဖြင့် အလုပ်လုပ်သည်။သူ ညလုံးပေါက် အသေးစိတ်စာရင်းပြုလုပ်၍ မနက်စောစော၌ အလုပ်သမားများနှင့် အစည်းအဝေးထိုင်သည်။မျက်လုံးအောက်ရှိ အညိုရောင်အကွင်းကြီးဖြင့်ပင် သူ ဒုတိယဆိုင်ခွဲသို့ ခဏ သွားလိုက်သေး၏။

နောက်ဆုံး သူ အိမ်ပြန်ရောက်လာကာ အင်ဂျင်စက်သတ်ပြီး ကားထဲမှထွက်လိုက်ရာ ကျန်းတင်းအန်နှင့်တိုက်မိသွားသည်။စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့်ပင် သူက ပြောလေသည်။

"ဒီကို ဘယ်လိုလုပ်ရောက်လာပြန်တာလဲ?"

တစ်ခုခုမှားနေသလို ခံစားရလျက် ကျန်းတင်းအန်ကပြော၏။

"နွေရာသီစာမေးပွဲ နီးပြီလေ ၊ ကျွန်တော် ဒီကို ကျီကျန်းကျူးကို လာရှာတာ ၊ ပြီးတော့ ပြန်လှန်လေ့ကျင့်ခန်းအတူတူလုပ်မလားမေးမလို့"

တင်းဟန်ပိုင်က ပြော၏။

"သူ့ကို 'ကျီကျန်းကျူး' လို့ ခေါ်ခွင့်ပြုထားလား? ငါတို့က မင်းကို 'ကျန်းဟောင်ဟွားလီ' လို့ခေါ်ရင်ရော မင်းကြိုက်လို့လား?"

(*'ကျန်းဟောင်ဟွားလီ'–'အဝါရောင်ပန်းပုလဲ'သစ်တစ်မျိုး။ရနံ့သင်းသည့်သစ်နက်တစ်မျိုး။)

သူ ကျန်းတင်းအန်အား ဆက်တိုက်'မဲ'ကာ ပြီးသွားသည်နှင့် ကားနောက်ဖုံးကို လှပ်လိုက်လေသည်။

"ဒါကို တောင်ဘက်အဆောက်အဦကို သယ်သွား ၊ သေချာကိုင်"

ထိုအထဲ၌ ပါရင်ကြက်သွေးကျောက်ပါကာ အရည်အသွေးမြင့်သည့်ကြက်သွေးကျောက်ဖြစ်၏။၎င်းသည် ထိုနှစ်နွေဦး၌ ရေပန်းအစားဆုံးပုံစံဖြစ်လာလိမ့်မည်ပင်။တင်းဟန်ပိုင်သည် သည်းမခံနိုင်လောက်အောင် ပင်ပန်းနေကာ သူလက်ကို ထိုပစ္စည်းပေါ်သို့မတင်ခင် တစ်ရေးတစ်မောအိပ်ချင်ပေသည်။တစ်ရေတစ်မောမအိပ်ခင် ထမင်းတစ်ပန်းကန်လောက် ခူးခပ်ကျွေးရန် တောင်းဆိုလိုက်သေးသည်။

ဆွေ့ယွီထုံကျူး [မြန်မာဘာသာပြန်]Where stories live. Discover now