Chapter 56(Part1)

1.9K 263 12
                                    

[Unicode]

အခန်း ၅၆–ခေါင်းစဥ်စဥ်းစားလို့မရဘူး ဆိုတော့ ရှစ်ကောကိုပဲ happy birthday လို့ဆုတောင်းပေးလိုက်ကြရအောင်!

ကုတင်ပြိုကျသွားရာ ကမ္ဘာမြေကြီး၏ဆွဲငင်အားမှာလည်း နစ်မြှုပ်သွားချေပြီ။ကျီရှန်ယွီမှာ သေတော့မလိုပင်။သူ မျက်လုံးများကို မှိတ်ထားလျက် ခက်ခက်ခဲခဲအသက်ရှူနေရကာ သူ့မျက်ဝန်းထဲရှိရေများမှာ မရပ်တန့်ဘဲ အဆက်မပြတ်ကျဆင်းနေ၏။

တင်းဟန်ပိုင်မှာ လွန်စွာတက်ကြွနေကာ သူ့အကြည့်များသည်ပင် မီးများဖြာထွက်နေပြီး ကုတင်ပြိုကျသည်ကို မဆိုထားနှင့် ယခုအချိန်ငလျင်လှုပ်လျှင်တောင် ရပ်တန့်ရန်မှာမဖြစ်နိုင်ချေ။နွေဦး၏မနက်ခင်းတစ်ခင်းတွင် ကောင်းကင်ကြီးမှာ တောက်ပနေသော်လည်း သူတို့သည် အခန်းထဲ၌ အောင်းကာ ယုံနိုင်ဖွယ်မရှိလောက်သည်အထိ ရူးသွပ်နေကြသည်။

နောက်ထပ် ဘယ်လောက်ထပ်ကြာသွားလည်း မသိ။ရှက်ရွံ့ဖွယ်ကောင်းသော အသံတစ်ချို့က တဖြည်းဖြည်းရပ်တန့်သွားကာ တိတ်ဆိတ်သွားတော့သည်။တင်းဟန်ပိုင် စောင်ကို နူးညံ့စွာဆွဲခြုံပေးကာ ကျီရှန်ယွီ၏နဖူးကို အနမ်းတစ်ပွင့်ခြွေလိုက်သည်။အနှီက ချွေးများဖြင့် စွတ်စိုနေလေသည်။ခန္ဓာကိုယ်အတွင်းပိုင်းကိုကြည့်လိုက်သည့်အခါ သူတို့ အမှတ်အသားရာများကို ကာဖို့ လိုအပ်မှန်း သူ သတိထားလိုက်မိသည်။

ကျီရှန်ယွီ ပင့်သက်ရှိုက်ရင်းဆိုလိုက်၏။

"ရှစ်ကော ကျွန်တော် အရမ်းကို စေးကပ်နေတယ်လို့ ခံစားရတယ်"

တင်းဟန်ပိုင်က ပြောသည်။

"ကိုယ် ရေတစ်ပုံးသွားယူပြီး မင်းကိုသန့်ရှင်းပေးမယ်"

သူ စကားကောင်း ပြောပြီးသည်နှင့် မဟုတ်တရုတ်စကားများကိုပါ ထပ်ပြောလိုက်သေးသည်။

"စေးကပ်နေရုံပဲလား? မင်းဗိုက်လေးကို လက်လေးနဲ့ကိုင်ပြီး ဗိုက်အရမ်းအောင့်တာပဲလို့ရော မပြောတော့ဘူးလား?"

ထိုသူသည် အရှက်တရားကင်းမဲ့ကာ လူတွေကို စပြီး ကလူညှင်းဆဲသည်နှင့် ဘာမဆိုပြောပစ်တတ်သည်။

ဆွေ့ယွီထုံကျူး [မြန်မာဘာသာပြန်]Where stories live. Discover now