အခန်း(၁၀)-၁

12.4K 998 19
                                    

{Unicode}

"ဝိုး .. မိုက်လိုက်တဲ့ ဘော်ဒီလေး .. မျက်စိပဒေဖြစ်တယ်ဆိုတာ ဒါမျိုး .. ဒီကြွက်သားခြောက်မြောင်းကလည်း ငါ့အိမ်က လူကြီးအတိုင်းပဲ .. တစ်ကိုက်လောက်တောင် ကိုက်ချင်လာပြီ"

ရှားချီအန်း နိုးလာတော့ နောက်တစ်ရက်ညနေခင်းတောင် ရောက်နေပြီ .. သူ့မျက်စိနှစ်လုံး ပွင့်တာနဲ့ တွေ့လိုက်ရတာက မဖွယ်မရာအပြုံးကြီးနဲ့ မျက်နှာတစ်ခုပဲ။ သူ့ပုံစံက သားကောင်ကိုတွေ့ရလို့ သွားရည်တမြှားမြှားကျနေတဲ့ ဝံပုလွေကြီးလိုမျိုး။

ရှားချီအန်း လန့်ပြီးအော်လိုက်မိတယ်။

"ဘာလုပ်မလို့လဲ"

ရှီရှဲ့ သူ့ကို ဒီလိုကြီး ကြည့်နေတာက ရှက်စရာကောင်းတဲ့အပြင် စိတ်လည်းရှုပ်ရတာမို့ စောင်နဲ့တစ်ကိုယ်လုံး လုံနေအောင် ဖုံးထားလိုက်ရတယ်။

ရှီရှဲ့ .. "တွန့်တိုလိုက်ပုံများ .. ဒီလိုလေးတောင် ကြည့်လို့မရဘူးလားလို့"

ရှီရှဲ့က ရှက်ရကောင်းမှန်း တစ်စက်မှ မသိတဲ့ပုံနဲ့ သူ့ကို ပေးမကြည့်တဲ့ ရှားချီအန်းကိုတောင် ပြန်အပြစ်တင်နေလိုက်သေးတယ်။

ဒီလို အရှက်ကင်းမဲ့ပုံမျိုး ရှားချီအန်းတစ်ခါမှကို မတွေ့ဖူးတာ .. သူများကို နှာကြည့်နဲ့ကြည့်နေတာက ဘာမှကို မထူးဆန်းတဲ့ ကိစ္စလိုပဲ။

သူ့ ဘေးကို လှည့်ကြည့်လိုက်တော့ မနေ့ကတစ်နေ့လုံးနဲ့ တစ်ညလုံး သူ့ကို ရူးသွားလောက်အောင် နှိပ်စက်ညှင်းပန်းခဲ့တဲ့လူကြီးရဲ့ အမြှီးလေးတောင်ရှာလို့မရဘူး။

ရှားချီအန်း .. "ရှီလင်ကော"

ရှီရှဲ့ .. "အားမော့ အပြင်ခဏ သွားတယ် .. ခဏ ပြန်လာမှာပေါ့"

ရှီရှဲ့က ပြုံးပြုံးလေးနဲ့ ပြောနေပေမဲ့ သူ့ရဲ့အာသာငမ်းငမ်းမျက်လုံးတွေနဲ့ ရှားချီအန်းကို ကြည့်နေတုန်းပဲ။

ရှားချီအန်း .. "အော်"

ရှားချီအန်းမှာ ရှီရှဲ့ကြည့်နေတာကို မသက်မသာကြီး ခံစားနေရပေမဲ့ ဘာမှ မတတ်နိုင်ဘူး။ သူ့အရှေ့က ပြိုင်ဘက်ကင်းအလှပိုင်ရှင်ကို ကြည့်နေရင်း ဒါက ယောက်ျားလား မိန်းမလားဆိုတာကို ခွဲခြားလို့ မတတ်နိုင်တဲ့အပြင် သိချင်စိတ်တွေ တစ်ဖွားဖွားပေါ်လို့လာတယ်။

ကိုလူလည်ရဲ့ သားကောင်ငယ်{မြန်မာဘာသာပြန်}Where stories live. Discover now