အခန်း(၈)-၅

10.8K 936 29
                                    

Uni version:


ကြီးကောင်ကြီးမား ယောက်ျားလေးတွေဖြစ်ပြီး ကျောပိုးသွားနေကြတဲ့ သူတို့နှစ်ယောက်ပုံစံက လမ်းသွားလမ်းလာတွေရဲ့ အကြည့်တွေကို ဆွဲဆောင်လို့နေတယ် .. အထူးတဆန်းပုံစံနဲ့ အကြည့်ခံနေရပေမယ့် ရှားချီအန်းကတော့ မရှက်တဲ့အပြင် ဂရုတောင်စိုက်မနေဘူး ။စိတ်တိုဝမ်းနည်းခဲ့ရသမျှ ခုတော့ဘာမှမဖြစ်ခဲ့အတိုင်း .. ဒေါသတွေနေရာမှာ အပျော်တွေအစားထိုးလိုက်သလိုပဲ .. လွန်ခဲ့တဲ့ မိနစ်အနည်းငယ်က အဆတစ်ရာလောက် ဝမ်းနည်းခဲ့ရတယ်ဆိုရင် သူ အခု အဆတစ်ထောင်ပြန်ပျော်နေရတာ ။

ရှီလင်က ရှားချီအန်းအကြိုက်ဆုံး ခရင်မ်ကိတ်ဝယ်ပေးပြီး လူသိပ်မရှိတဲ့ ချောင်ကျကျနေရာတစ်ခုမှာ လာထိုင်လိုက်ကြတယ် ။မွေးနေ့ကိတ်ပေါ် ဖယောင်းတိုင်လေးတွေစိုက်လိုက်ရင်း ရှီလင်က လမ်းဘေးဖျော်ဖြေသူတစ်ယောက်ဆီကနေ ခဏငှားလာခဲ့တဲ့ တယောနဲ့ ရှာချီးအန်းအတွက် မွေးနေ့ဆုတောင်းသီချင်း တီးပေးတယ် ။

ရှီလင်ရဲ့ လှပတဲ့သံစဥ်နဲ့အတူ ရှားချီအန်းက မွေးနေ့ဆုတောင်းအနေနဲ့ သူ ဒီလိုလေးပဲ တစ်သက်လုံး ရှီလင့်အနားမှာနေခွင့်ရဖို့ ဆန္ဒပြုပြီး ဖယောင်းတိုင်တွေကို မှုတ်လိုက်တယ် ။ကိတ်ချိုချိုလေးတွေကို ပါးစပ်ထဲထည့်ရင်း သူ ပျော်ရွှင်စွာနဲ့ ပြုံးနေမိတယ် .. ဒီနှစ်မွေးနေ့လေးက ကျင်းပဖူးခဲ့သမျှမွေးနေ့တွေထဲမှာ အရိုးရှင်းဆုံးနဲ့ အပျော်ရွှင်ရဆုံးမွေးနေ့လေးပဲ ။

ခရင်မ်တွေပေနေပြီး နှုတ်ခမ်းစွန်းတွေ ကွေးနေအောင်ကို ပြုံးနေတဲ့ ရှားချီအန်းပုံလေးကိုကြည့်ပြီး ရှီလင်လည်းလိုက်ပြုံးနေမိတယ် ။အာ .. ဒီဝက်ကလေးက သိပ် အ သလောက် အသေချစ်စရာကောင်းတာပဲ .. သူဒီလို အမှားကြီး လုပ်ထားမိတာတောင် ဒီလောက်ကလေးပြန်လုပ်ပေးတာနဲ့  ပြုံးပျော်ပြီး ခွင့်လွှတ်လိုက်ပြန်ရော ။

ရှားချီအန်း ဗိုက်ဆာနေပေမယ့် ကိတ်တစ်ပိုင်းလောက် စားပြီးရပ်လိုက်တယ် .. သူ့မှာ ဟာနေတဲ့ ဗိုက်ကို ဖြည့်ဖို့ထက် အရေးကြီးတာတွေ လုပ်ဖို့ရှိသေးတယ် ။ရှီလင်ရဲ့ အသစ်စက်စက် ဂန္ဓာပန်းလေးကို ဖြည့်ပေးဖို့လေ ။

ကိုလူလည်ရဲ့ သားကောင်ငယ်{မြန်မာဘာသာပြန်}Where stories live. Discover now