အခန်း(၁)-၂

16.5K 1.6K 6
                                    

Uni version:

        XX တက္ကသိုလ်ရဲ့ အမျိုးသားဆောင်ထဲမှာ

        "ဟေ့ကောင် .. သားကြီး .. မင်းက သိပ်ဂေါ်တဲ့ကောင်ပဲ .. လင်းယုထင် လိုကောင်မလေးမျိုးကိုတောင် ခဏလေးနဲ့ ရအောင် လိုက်နိုင်တယ်"

          သူ့ဘော်ဒါတွေက သူ့ကိုအားကျတဲ့အသံနဲ့ ဝိုင်းချီးကျူးနေကြတာ။

           "ဘာ .. မြန်တယ် .. ငါ သူ့ကို လိုက်နေတာ ၂ လတောင် ရှိတော့မယ်"

            ရှားချီအန်း ကတော့ ဒါကိုမြန်တယ်လို့ လက်မခံနိုင်ဘူး။

            "လင်းမင်းသမီးလေးက စားရဖို့ခဲတဲ့နူးညံ့နေတဲ့ Cake ကလေးပါကွာ .. သူ့လိုမျိုးရဖို့ဆို မင်း တစ်နှစ်အချိန်ပေးရရင်တောင် တန်နေပါပြီ"

              အဲ့ချိန်မှာပဲ သူတို့ အဆောင်တံခါးရုတ်တရက်ပွင့်သွားပြီး ဆံပင်အညိုနဲ့ကောင်လေးတစ်ယောက် အော်ပြီးဝင်လာတယ်

              "ဟေ့ကောင်တွေ .. သတင်းဆိုးပဲဟေ့"

သူတို့လဲ သိချင်တာကြောင့် သူ့ပြောမယ့် သတင်းဆိုးကို နားစွင့်နေကြတယ် ..

              "ငါ ခုပဲကြားလာတာ ငါတို့နဲ့တစ်ခန်းတည်းအတူတူနေရမယ့်ကောင်က တောင်ပိုင်းသားတဲ့ဟေ့"

              တိုင်ရှောင်းချန် က ငိုသံပါကြီးနဲ့ စိတ်ပျက်လက်ပျက်ကိုပြောနေတာ

              "ဘာ .. ငါတို့ကို တောသားနဲ့တောင် တစ်ခန်းတည်း တူတူနေခိုင်းမယ်ပေါ့ .. မင်း နားကြားမှားလာခဲ့တာတော့ မဟုတ်ပါဘူးနော်"

               ရှားချီအန်း ခမျာ သူကြားလိုက်ရတဲ့ သတင်းကို မယုံကြည်နိုင်သေးဘူး

                "ဒီကျောင်းက ဘယ်လိုတွေတောင် အလုပ်လုပ်နေကြတာတုန်း .. ငါတို့ ဘယ်သူဆိုတာ မသိကြဘူးလား .. ဘုရားရေ .. တောင်ပိုင်းက တောသားဆိုတဲ့ကောင်တွေမှာ ဘာစွမ်းရည် ဘာယဥ်ကျေးမှုဆိုတာမျိုးမှ ရှိကြတဲ့ကောင်တွေ မဟုတ်ဘူး .. မြင်ကွင်းထဲမြင်နေရရုံနဲ့ကို အော့အန်ချင်စရာကောင်းတဲ့ကောင်တွေ"

                လော့ရှုအိုင်က လူမျိုးစုတွေကိုခွဲခြားပြီး တောသားဆိုလဲ အသေမုန်းတတ်တဲ့သူမျိုး .. သူ့ပါးစပ်က ဒီစကားထွက်တာလဲ မဆန်းဘူး

ကိုလူလည်ရဲ့ သားကောင်ငယ်{မြန်မာဘာသာပြန်}Where stories live. Discover now