အခန်း(၆)-၃

12.1K 1.1K 6
                                    

Uni version:

အအေးဆိုင်က ထွက်လာပြီးမှပဲ ရှားချီအန်း သက်ပြင်းချနိုင်တော့တယ် .. နောက်ဆုံးတော့ လင်းယုထင်နဲ့ဇယားကို ဖြေရှင်းလိုက်နိုင်ပြီ .. ကျန်းချင်းချင်းပဲ ကျန်တော့တယ် .. သူနဲ့ရှင်းဖို့ကျ လင်းယုထင်လို မပြီးဘူး .. ရှီလင့်အပေါ် စွဲလမ်းနေတာတွေ ရပ်လိုက်ဖို့ရယ် .. ရှီလင့်နား တွယ်ကပ်မနေတော့ဖို့ရယ် ပြောဖို့ဆိုတာက နည်းနည်းတော့ ခက်လောက်တယ် .. ပြီးတော့ သူမက ရှီလင့်ကိုရဖို့ တန်မနေဘူး .. အာ .. ကျန်းချင်းချင်းနဲ့ ဒီလိုတွေပြောလိုက်ဖို့က တော်တော်ခက်မယ် .. သူမက ရေပိုက်ခေါင်းလိုပဲ မရပ်မနားကို ငိုတော့မှာ .. သူနဲ့ လမ်းခွဲတုန်းကလည်း ငိုလိုက်တာများဆိုတာ .. အဲ့တုန်းက သေချင်စော်ကို နံရော။

ရုတ်တစ်ရက်ပဲ သူ့ဘောင်းဘီအိပ်ကပ်ထဲမှာရှိတဲ့ ဖုန်းကနေ JJ Lin’s {Thousand Years} ရဲ့ တီးလုံးသံထွက်လာတယ် .. ဖုန်းလက်ခံလိုက်တာနဲ့ သူကြားလိုက်ရတာက ဝမ်းနည်းပက်လက်ငိုသံစွက်နေတဲ့ ကျန်းချင်းချင်းရဲ့ အသံ

"ရှားချီအန်း .. ငါ နင့်ကို အသေမုန်းတယ် .. တစ်သက်လုံး ခွင့်မလွတ်ဘူး .. သေနာကောင်ရဲ့"

ရှားချီအန်း မျက်ခုံးတွေ မြင့်တက်သွားတယ် .. အာ .. ဒီကျိန်ဆဲသံမျိုး သူတို့ လမ်းခွဲတုန်းကလည်း ကြားဖူးပြီးပြီ .. ခုက ဘာများဖြစ်လို့လဲ။

ကျန်းချင်းချင်း .. "နင် ဘယ်လိုတောင် လုပ်ရက်နိုင်ရတာလဲ .. ငါ့ကို တစ်ခါခံစားရအောင်လုပ်ပြီးရင် တော်ပြီပေါ့ .. ခုက နှစ်ခါတောင် .. နင့် အကျင့်က အဲ့လောက်ပဲ ယုတ်ရသလား .. ဟင်"

တစ်ခြားသူတွေအပေါ်  ဆဲဖို့ မပြောနဲ့ .. လေသံမာမာနဲ့တောင် မပြောတတ်တဲ့ ကျန်းချင်းချင်းက ခုလိုအော်ကြီးဟစ်ကျယ်ဆဲနေတယ်ဆိုတာ တော်ရုံတန်ရုံစိတ်တိုတာလောက် မဟုတ်လို့ပဲ။

ရှားချီအန်း .. "နင်​ ဘာတွေပြောနေတာလဲ"

ခုထိ ကျန်းချင်းချင်း ဘာပြောချင်နေမှန်းကို မသိသေးဘူး .. ကြားရတာကလည်း ဝါးတားတား .. ဘာကိစ္စကြောင့် ဒီလို ရူးကြောင်ကြောင်ဖြစ်သွားရတာပါလိမ့်။

ကျန်းချင်းချင်း .. "နင် ဘာလို့ အဲ့လောက် တဏှာကြီးရတာလဲ .. ငါတို့ လမ်းခွဲပြီးတာပဲ ကြာလှနေပြီ .. ငါ ရှီလင်နဲ့ တွေ့မှာကို ဘာကြောင့် ဟန့်တားချင်နေရတာတုန်း .. ဟင်"

ကိုလူလည်ရဲ့ သားကောင်ငယ်{မြန်မာဘာသာပြန်}Wo Geschichten leben. Entdecke jetzt