အခန်း(၁၀)-၂

10.9K 944 51
                                    

{Unicode}



ရှီလင့်လို လူအတွက် ဒီဝက်ဝံရုပ် အဟောင်းလေးက ဒီလောက်တန်ဖိုးရှိမယ်လို့ ထင်မထားခဲ့မိဘူး။ အမြဲအေးတိအေးစက်နေတတ်တဲ့သူကြီးက တစ်ကယ်တန်းကျတော့ အမေချစ်သားလေးဖြစ်နေတယ်တဲ့လား။ အရင်အချိန်တုန်းက ရှီလင့်အမေကို ဆဲမိလို့ သူ သေလောက်အောင် ထိုးခံလိုက်ရတာကို မအံ့ဩမိတော့ဘူး။ အဲ့တုန်းက ရှီလင် ဒေါသပေါက်ကွဲပြီး သူ့ကိုတောင် သတ်တော့မဲ့အတိုင်း ဖြစ်ခဲ့သေးတာ။

ရှီလင့်အတွက် အဓိပ္ပါယ်အတွေအများကြီးနဲ့ အမြတ်တနိုးထားရတဲ့ ဝက်ဝံရုပ်လေးကို သူ့ဆီပေးခဲ့တယ်ဆိုတာ သိလိုက်ရတာနဲ့ ရှားချီအန်းနှလုံးသားလေးဟာ လှုပ်ရှားလို့သွားတယ်။ ဒါကိုကြည့်ပြီး သူ့အပေါ်ထားတဲ့ အချစ်က ဘယ်လောက်အထိ နက်ရှိုင်းသလဲဆိုတာ သိသာစေတယ်။ ဒီအတိုင်းကြည့်ရင် ရှီလင် သူ့အပေါ်ထားတဲ့ ခံစားချက်တွေကို မြင်နိုင်မှာ မဟုတ်ဘူး။ အခု သူ သိလိုက်ရပြီဆိုတော့ မနေ့က ရှီလင့်ကို ဝက်ဝံရုပ်နဲ့ ကောက်ပေါက်ခဲ့တာကို နောင်တရမိတယ်။ မင်းက တကယ့် အရူးပဲ။

အားယို .. သူ ဘာလို့များ ရှီလင့်အချစ်ကို သံသယဝင်ခဲ့မိတာပါလိမ့်။ အခုတော့ သူက ဘယ်မျက်နှာနဲ့ ဝက်ဝံရုပ်ကို ပြန်တောင်းရမှာလဲ။ ပြန်တောင်းရင်တောင် ရှီလင်က ပေးပါတော့မလား။

ရှားချီအန်း .. "အဲ့ ဝက်ဝံရုပ်လေး .. "

ရှီလင် အဲ့ ဝက်ဝံရုပ်လေးကို ဘယ်နားမှာများ ထားလိုက်ပါလိမ့်။ သူ ရှီရှဲ့ကို အကူအညီတောင်းဖို့ စကား စ လိုက်ရုံရှိသေး။ ရှီရှဲ့က ဖြတ်ပြောလာတယ်။

ရှီရှဲ့ .. "အဲ့တာ အားမော့ဆီမှာပဲ .. လိုချင်ရင် ကိုယ့်ဘာသာကိုယ် ပြန်တောင်းမှ ရမယ် .. ငါ ကူညီလို့ မရဘူး"

ရှားချီအန်း အကြံအိုက်သွားပြီး

"ဟုတ်ပါပြီ"

ရှီရှဲ့ဆီကများ အကူအညီရမလားလို့ .. ခုတော့ ကိုယ့်အားကိုယ်ကိုးရတော့မှာပဲ။ ရှီလင့်ဆီပြန်ပေးခဲ့တာလည်း သူပဲ .. ခု ပြန်လိုချင်နေတာလည်း သူပဲလေ။ ပြန်တောင်းဖို့ကလည်း ခက်ခဲမယ့်အပြင် ရှီလင် သူ့ကို လှောင်ရယ်မှာက သေချာသလောက်ပဲ။

ကိုလူလည်ရဲ့ သားကောင်ငယ်{မြန်မာဘာသာပြန်}Where stories live. Discover now