အခန်း(၁)-၃

14.4K 1.5K 14
                                    

Uni version:     

      XX တက္ကသိုလ်ရဲ့အဆောင်ဟာတစ်ကယ့်ကိုမိုက်တာပါ .. လူလေးယောက်အတွက် .. ဖုန်းတစ်လုံးရယ် .. TV ရယ် .. Internet လိုင်းရယ် .. အခန်းတွင်းရေချိုးခန်းရယ် အပြည့်အစုံပါပြီးသား .. ဒါပေမယ့်လဲ ရှားချီအန်း လို သခင်လေးအတွက်ကတော့ ဒီလိုမျှသုံးရတဲ့ကိစ္စဟာ လက်မခံနိုင်စရာကိစ္စပါပဲ ..

          "ချီး .. လိုင်းကလဲ စုတ်ပြတ်သက်နေတာပဲ .. နှေးချက်က လိပ်အိုကြီးတောင် အရှုံးပေးရမယ်"

           ဂိမ်းကစားနေတဲ့ လော့ရှုအိုင်ဆီက ဒေါသတစ်ကြီး ထွက်လာတဲ့ အသံ ..

            "ဟုတ်ပ .. ဘယ်လိုတောင် အမြတ်ကြီးစားလိုက်တဲ့ကျောင်းတုန်း .. ငါတို့ဆီကကျ အဆောင်ခအများကြီး ယူထားပြီး ကောင်းကောင်းကန်းကန်းကျ ပြန်မလုပ်ပေးဘူး .. နေရတဲ့ အခန်းကျတော့လဲ ငါ့ အခန်းတစ်ဝက်စာတောင် နေရာမကျယ်ဘူး"

          သူ့ဘေးနားထိုင်နေတဲ့ တိုင်ရှောင်းချန် ကလဲ စိတ်ပျက်လက်ပျက်ဝင်ထောက်ခံတယ်
             အိပ်ရာပေါ်မှာ စာထိုင်ဖတ်နေတဲ့ ရှီလင် က သူတို့ဘက် အေးစက်စက်တစ်ချက်ကြည့်လိုက်တယ် .. ဒီအုပ်စုကသိပ်စိတ်ရှုပ်စရာကောင်းတာပဲ .. တစ်နေ့လုံးပွစိပွစိပြောနေကြတာမပြီးနိုင်တော့ဘူး .. သူတို့ထဲမှာ မကျေမနပ်အဖြစ်ဆုံးက ရှားချီအန်း ပဲ .. သူက ကောင်မလေးနဲ့ Date လုပ်ရင်လုပ် .. မလုပ်ရဘဲ အဆောင်မှာရှိနေတဲ့ရက်ဆို ငြီးငွေ့ပြီးသေတော့မလိုတောင်ဖြစ်နေတဲ့ကောင်။
            ရှီလင် ဟာ ဒီအုပ်စုနဲ့အတူ ရက်နဲနဲလောက်ဖြတ်သန်းပြီးတာနဲ့ ရှားချီလင် နဲ့ တခြားသူတွေအကြောင်း အကြမ်းဖြင်းလောက်တော့သိသွားပြီ .. သူနဲ့ ရှားချီအန်း က .. Law ပဲမို့ မေဂျာတူတယ် .. ကျန်တဲ့ နှစ်ယောက်က Foreign Economic Management မို့ တစ်တွဲ .. သူတို့က ငယ်ပေါင်းတွေ .. အလျှံအပယ်ကြွယ်ဝချမ်းသာတဲ့မိသားစုက မွေးလာကြတဲ့
သူတွေမို့ တော်ရုံဆို လူလို့ကိုမထင်တာ .. သူတို့အတွက်တော့ အောက်ခြေလူတန်းစားတွေဆိုတာ ဝေးဝေးကနေ ရှောင်ရှားသွားရမယ့်သူတွေပဲ .. အချမ်းသာဆုံးမိသားစုကဖြစ်တဲ့ ရှားချီအန်း ဆို အဆိုးဆုံးပေါ့လေ
          ရှားချီအန်း က နိုင်ငံရေးလောကမှာ တိကျပြတ်သားတယ်လို့ ကျော်ကြားတဲ့အဖေနဲ့ စီးပွါးရေးမှာပါအောင်မြင်နေတဲ့ နာမည်ကြီးမင်းသမီးတို့ကနေမွေးဖွားလာတဲ့ ရွှေမင်းသားလေးလိုသားမျိုး .. ဒါ​တွေကပဲ ရှားချီအန်း ကို ဆင်းရဲသားတွေအပေါ် အထင်အမြင်သေးတတ်တဲ့ လူတစ်ယောက်ဖြစ်အောင် လုပ်ပေးထားသလိုဖြစ်နေတာ
          ဒီလို အထင်ကြီးစရာ မိသားစုနောက်ခံမျိုးက ရှီလင် အတွက်တော့ ​ရှိန်စရာကိုမရှိဘူး .. သူတို့တွေရဲ့ ပုံစံအစစ်အမှန်က ဘယ်လိုမျိုးဆိုတာသိထားတာလဲပါတယ် .. သူ စိုးရိမ်မိတာက တစ်ခုတည်း .. ဒီလိုလူတွေသာစုပုံနေရင် တိုင်းပြည်အတွက်ကတော့ စိုးရိမ်စရာပဲလို့

ကိုလူလည်ရဲ့ သားကောင်ငယ်{မြန်မာဘာသာပြန်}Where stories live. Discover now