အခန်း(၇)-၂

12.6K 1K 30
                                    

Uni version:

ရှားချီအန်းနဲ့ ရှီလင်ရဲ့ ဆက်ဆံရေးက အဆင်ပြေချောမွေ့တယ်ဆိုတာ ဘယ်တော့မှမရှိဘူး .. နှစ်ယောက်လုံးရဲ့ မတူညီတဲ့ အကျင့်စရိုက်တွေကြောင့် အမြဲတမ်း စကားများရင်များ .. များလို့အားမရရင် လက်တွေပါ ပါလာကြတဲ့အထိပြင်းထန်တယ်။စိတ်ဆတ်တဲ့ ရှားချီအန်းကို ရှီလင်က လာလာဆွတယ် .. ပြီးတာနဲ့ ရှားချီအန်းက အော်ဆဲပြီ .. ဒါ သူ့အမှားလို့ လာမပြောနဲ့ .. ရှီလင်သာ ကောင်းကောင်းမွန်မွန်နေရင် သူ ဒေါသထွက်စရာ ဘာအကြောင်းမှ မရှိဘူး .. အခု သူလုပ်နေတာပဲကြည့်။

ရှားချီအန်းက ရှီလင့်မျက်နှာကို လက်ညိုးတစ်ထိုးထိုးနဲ့

"ငါ မင်းကို သည်းမခံနိုင်တော့ဘူး .. လမ်းခွဲလိုက်တာပဲ နားအေးတယ်"

ရှီလင်က ဘာမှမဖြစ်တဲ့အတိုင်း ပုခုံးတွန့်ပြရင်း

"မစဥ်းစားနဲ့"

ပြီးတာနဲ့ သူရေးလက်စ မှတ်စုတိုကို ဆက်ရေးနေတယ်

ရှားချီအန်း ဒေါသတကြီးနဲ့ ရှီလင့်လက်ထဲက မှတ်စုစာအုပ်ကို ဆွဲယူလိုက်တယ်

"ချီး .. ဒီဆရာ ပြောနေတာကော ကြားရဲ့လား"

ရှီလင်က အမူအရာကင်းမဲ့နေတဲ့ မျက်နှာနဲ့ပဲ သူ့ကို ပြန်ပြောတယ်

"ကြားတယ်လေ .. အဲ့ဒါနဲ့ပဲ ငါက သဘောတူလိုက်ရမှာလား"

ရှားချီအန်း .. "မင်း .. အယုတ်တမာ .. လမ်းခွဲမယ်လို့ ပြောနေတာလေ .. ဒါကို မင်းက ဘာမှ အရေးမကြီးတဲ့ အတိုင်းပဲ ပြောနေတယ် .. မင်း အတွက် ငါက ဘာလဲ"
သူ့မှာ အမြဲတမ်း ဒေါသမထွက်ရတဲ့နေ့မရှိဘူး .. ဒီလိုကောင်မျိုး ဘာလို့ ကြိုက်ခဲ့မိပါလိမ့်။

ရှီလင် .. "ကစားစရာ .. ပြီးတော့ စိတ်အပန်းဖြေလို့ ကောင်းတဲ့ဟာလေး"

ရှားချီအန်း ဒေါသထွက်ရလွန်းလို့ ရူးတော့မယ်

"မင်းကို သတ်မယ်"

ဘယ်သူပဲ သူတို့အခန်းရှေ့က ဖြတ်ဖြတ် ဂရုစိုက်မနေဘူး .. ဘေးနားရှိတာနဲ့ အကုန် ကောက်ပေါက်ပစ်မယ် .. ဒါပေမယ့်လည်း ရှီလင်က သူ့ကို တစ်ခုမှ မထိအောင် ရှောင်နိုင်တယ်

ကိုလူလည်ရဲ့ သားကောင်ငယ်{မြန်မာဘာသာပြန်}Où les histoires vivent. Découvrez maintenant