အခန်း(၁၀)-၃

10.5K 959 10
                                    


{Unicode}


ဝက်ဝံရုပ် ပြန်ရဖို့အရေး ရူးရူးမိုက်မိုက် ကတိတွေပေးနေတဲ့ ရှားချီအန်းကို ကြည့်ပြီး ရှီလင့်မှာ တံတွေးတွေ မြိုချနေရတယ်။ အရုပ်ပြန်ရဖို့အတွက်လောက်နဲ့ ဒီလို ကမ်းလှမ်းမှုတွေ လုပ်လာလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ သူ မငြင်းနိုင်လောက်မဲ့ မက်လုံးတွေပေးပြီး သူ့ကို မြူစွယ်နေတယ်။

ရှီလင် .. "ငါ"

ရှားချီအန်း .. "အချစ်ဆုံးကိုကို .. ငါ တစ်ကယ် ကတိပေးတယ် .. ချစ်တယ်နော် "

ပြီးတာနဲ့ ရှီလင် ဘာမှ ပြန်မပြောနိုင်ခင်မှာပဲ ရှားချီအန်းက ရှီလင့်လည်ပင်းကို သိုင်းဖက်လိုက်ပြီး နှုတ်ခမ်းပေါ်ကို အနမ်းခြွေလိုက်တယ်။ ဟမ့် .. ဒီလို ဆွဲဆောင်နေတာကို တောင့်ခံနိုင်တဲ့ ယောက်ျားသားရှိလို့လား .. ရှိရင်လည်း ကုန်းကုန်းတွေနဲ့ မောင်တို့ဂုဏ်အင် မရှိတဲ့ သူတွေပဲ။

သူ့ လက်မောင်းတွေကြားထဲက ညှို့ဓာတ်အပြည့်နဲ့ ဆွဲဆောင်နေတဲ့ ရှားချီအန်းကို ကြည့်ပြီး ဘာမှ မတတ်နိုင်တဲ့အဆုံး ရှီလင် ခေါင်းညိတ်သဘောတူလိုက်ရတယ်။

ရှားချီအန်းက ပျော်ရွှင်စွာနှင့် .. "အိုး .. ဟုတ်ပြီ"

ရှီလင်ရဲ့ လှပအေးစက်တဲ့ မျက်ဝန်းတွေထဲ ရယ်မောရိပ်တွေ သန်းလို့နေပြီး သူ့နှလုံးသားလေးကတော့ ယားကျိယားကျိဖြစ်လို့နေတယ်။ အရူးလေး .. ဒီ ဝက်လေးက ဦးနှောက်သာ မပါတာ .. အသေတော့ ချစ်စရာကောင်းသား။

ရှားချီအန်းက စိတ်လှုပ်ရှားစွာနဲ့ 

"ဝက်ဝံရုပ်လေး မြန်မြန်ထုတ်ပေးတော့လေ"

ရှီလင် .. "မပူနဲ့ .. နက်ဖြန်မနက်ကျ ပေးမယ်"

ရှားချီအန်း သူ့ ခေါင်းတွေကို ခါယမ်းလိုက်ပြီး

"မရဘူး .. နက်ဖြန်အထိ မစောင့်နိုင်ဘူး .. အခုပဲ ပေး"

နောက်တစ်ရက် ရောက်လို့ ရှီလင် စိတ်ပြောင်းသွားရင် ဘယ်လိုလုပ်မတုန်း။

ရှားချီအန်း မျက်နှာကို ကြည့်လိုက်တာနဲ့ သူ ဘာတွေးနေတယ်ဆိုတာ ရှီလင် တန်းရိပ်မိလိုက်တယ်။ အရူးလေးဟု စိတ်ထဲက ကျိန်ဆဲရင်း သက်ပြင်းချလိုက်မိတယ်။ ကြည့်ရတာ ဒီ ဝက်လေး သူ့ဆီက အရုပ်ပြန်မရမချင်း စိတ်ချလက်ချ နေနိုင်မဲ့ပုံမရှိဘူး။ သူ နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်ပြီး အိပ်ယာပေါ်ကနေထလိုက်တယ်။ ပြီးတာနဲ့ ဝက်ဝံရုပ်အဟောင်းလေးကို သွားယူလိုက်ပြီး ရှားဆီအန်းကို ပြန်ပေးလိုက်တယ်။

ကိုလူလည်ရဲ့ သားကောင်ငယ်{မြန်မာဘာသာပြန်}Where stories live. Discover now