အခန်း(၆)-၁

14.1K 1.1K 9
                                    

Uni version:

မနေ့ညက မီးကုန်ယမ်းကုန် ဆင်နွှဲထားတဲ့ အချစ်တိုက်ပွဲကြောင့် ရှားချီအန်းနိုးလာတော့ နေ့ခင်းတောင် ရှိနေပြီ .. ရှီလင် သူ့ထက်အရင်ထပြီး အဝတ်တွေ ဝတ်ပြီးတာနဲ့ ရှားချီအန်းကို နိုးပေမယ့် တစ်ညလုံး သူ့ဒဏ်ခံထားရတာကြောင့် ခမျာ မထနိုင်ရှာဘဲ ပေကပ်အိပ်နေတယ်။

"ငါ တစ်ကယ့်ကို ပင်ပန်းနေတာ .. နဲနဲလောက်ပေးအိပ်ပါဦး .. ဘာမှလဲလုပ်စရာရှိတာမဟုတ်ပဲ .. ငါတို့ နောက်ထပ်တစ်ရက်လောက် ဆက်နေကြရအောင်လေ .. နော်"

သူ ခေါင်းအုံးကိုဖက်ပြီး စောင်ခြုံထဲမှာ ကွေးနေအောင် ခွေပြီးနေချင်တုန်းပဲ

ရှီလင်က ရှားချီအန်းဖက်ထားတဲ့ ခေါင်းအုံးကို ဆွဲယူလိုက်ပြီး စောင်ကိုလှန်လိုက်တယ်

"မရဘူး .. နေ့လည်ခင်းပြန်တက်တဲ့ အချိန်က ဌာနမှူးအချိန်ကြီး .. ပျက်လို့မရဘူး .. မြန်မြန်လုပ်"

"ချီးပဲ .. မုန်းလိုက်တာ"

စောင်နဲ့ခေါင်းအုံးမရှိတော့တဲ့အတွက် ဆက်အိပ်လို့မရတော့တဲ့ ရှားချီအန်းက ရှီလင့်ကို ပေစောင်းစောင်းနဲ့ကြည့်ပြီး အိပ်ယာထဲကနေ မထချင် ထချင်နဲ့ ထလာရတယ် .. ဆင်းလျင်ဆင်းခြင်းပဲ အသည်းခိုက်အောင်နာကျင်မှုကိုကြုံတွေ့လိုက်ရတာကြောင့် အော်လိုက်မိတော့တယ်။

သူ့အော်သံက ရှီလင့်ကို စိုးရိမ်တကြီးဖြစ်သွားစေတယ် .. "ဘာဖြစ်လို့လဲ"

ရှားချီအန်းဟာ ခုတော့ ပုလဲတွေခနေရပြီ .. "ငါ့ ဖင်က နာတယ်ဟ"

ဒါ ဒင်းကြောင့် .. တစ်ညလုံး သူ့ကို လုပ်ထားတာ သူ့ဖင်က စုတ်ပြတ်သတ်နေပြီး ပန်းလိုတောင် အာကုန်တော့မယ်။

ရှီလင်က အဝတ် ဝတ်ဖို့တောင် ခက်ခဲနေတဲ့ ရှားချီအန်းကို သူကိုယ်တိုင် ဝတ်ပေးရင်း ..

"ငါတို့ ပြန်ရောက်တာနဲ့ ဆေးလိမ်းပေါ့ .. အခုတော့ သည်းခံလိုက်ဦး"

ရှားချီအန်း .. "ငါ့ တစ်ကိုယ်လုံး စေးကပ်နေတာပဲ .. ရေချိုးချင်တယ်"

ရှီလင် .. "ရေချိုးခန်းမှ မရှိတာ .. အဆောင်ပြန်ရောက်မှ ချိုး"

ကိုလူလည်ရဲ့ သားကောင်ငယ်{မြန်မာဘာသာပြန်}Where stories live. Discover now