အခန်း(၂)-၃

13K 1.3K 59
                                    

Uni  version:

ရှီလင်ရည်ရွယ်ချက်ရှိရှိနဲ့ သူ့နောက်လိုက်လာပြီး လိုက်ဖျက်တာ ရှားချီအန်းမသိသေးလို့ .. သိရင် အခုထက်မက ပိုစိတ်တိုရမှာ ..

"ချီအန်း .. ဘာဖြစ်လာတာလဲ"

သူအဆောင် ပြန်ရောက်တဲ့အချိန်ထိ ရှီလင့် အရိပ်အယောင်တောင် မမြင်ရသေးဘူး .. ရေနှစ်ထားတဲ့ကြက်လို စုတ်ပြတ်သတ်ပြီးပြန်လာတဲ့သူ့ကိုတွေ့တော့ လော့ရှုအိုင်နဲ့ တိုင်ရှောင်းချန်တို့နှစ်ယောက် လန့်သွားကြတယ်

"ငါ ရေထဲမတော်တဆ ကျသွားတာ"

ရှားချီအန်းက သိပ်အရေးမကြီးတဲ့ပုံနဲ့ပြောလိုက်တယ် .. ဒီနေ့ဖြစ်ခဲ့တဲ့ ကိစ္စက သိပ်ရှက်စရာကောင်းလွန်းလို့ တခြားသူမပြောနဲ့ ..  ဖြစ်နိုင်ရင် ညီအကိုတွေလို ချစ်ကြတဲ့ ဒီသူငယ်ချင်းတွေကိုတောင် မသိစေချင်ဘူး။

"မင်း .. လင်းယုထင်နဲ့ သွားချိန်းတာကို ဘယ်နှယ့်ရေထဲကျပြီးပြန်လာရတာတုန်း"

လော့ရှုအိုင်က နားမလည်တဲ့ပုံနဲ့ မေးတယ်

"လင်းမင်းသမီးလေးက မင်းကို ကန်ထဲ ကန်ထုတ်ပလိုက်တာလား"

တိုင်ရှောင်းချန်ကျတော့ ပြောရင်း ရီလို့မပြီးနိုင်ဘူး

"စားပေါက်ကြီးကိုကွာ"

ရှားချီအန်းက မီးနဂါးအကွက်နဲ့ ခုန်လိုက်ရင်း ပြောလိုက်တယ် .. သူ့မှာ လင်းယုထင်အကြောင်းပြောနေရရင် မီးလိုပူလာတာ .. ဒီနေ့ကတော့ အပူငြိမ်းနိုင်ဖို့ တစ်ရာရာခိုင်နှုန်းသေချာနေတာကို

"သောက်ချီး"

ခပ်တိုးတိုးဆဲရေးလိုက်ရင်း စိုရွဲနေတဲ့ သူ့အဝတ်တွေချွတ်ပြီး အိပ်ယာပေါ်တက်လိုက်တယ် ..
သူ့ကိုကြည့်ပြီး

"ချီအန်း .. ဘာတွေများဖြစ်လာတာပါလိမ့် .. တစ်အားစိတ်တိုနေတဲ့ပုံမို့ ငါတောင်ဆက်မမေးရဲဘူး"

တိုင်ရှောင်းချန်က သူ့ဘေးမှာရှိတဲ့ လော့ရှုအိုင်ကို တိုးတိုးလေးပြောလိုက်တယ်

"တစ်ခုခုတော့ရှိရမယ်"

လော့ရှုအိုင်က ခေါင်းငြိတ်ပြီး

ကိုလူလည်ရဲ့ သားကောင်ငယ်{မြန်မာဘာသာပြန်}Donde viven las historias. Descúbrelo ahora