အခန်း(၄)-၁

12.3K 1.2K 12
                                    

Uni version:

ရက်အနည်းငယ်လောက် အနားယူလိုက်တာနဲ့ ရှားချီအန်းဟာ အရင်လို တက်ကြွတဲ့ကြက်ဖ တစ်ကောင်ပြန်ဖြစ်လာတယ် .. အပေါ်ယံမှာတော့ အရင်ကအတိုင်း သူတို့ကျောင်းရဲ့ တောက်ပနေတဲ့မင်းသားလေးလိုပဲ အနေအထိုင်မပျက်ပေမယ့် အရင်ကနဲ့မတူပဲ ပြောင်းလဲသွားတာကိုတော့ ရှားချီအန်းကိုယ်တိုင်ပဲသိတယ် .. ညတိုင်းအိပ်မက်မက်လိုက်ရင်လဲ ရှီလင်က သူ့ကိုဆေးလိမ်းပေးတဲ့ အိပ်မက်ချည်းပဲ .. အိပ်မက်ထဲမှာတောင် သူက ရှီလင့်ကို မနိုင်ဘူး .. ဒါကြောင့်ပဲ သူဟာ မနက်တိုင်းအရှက်ဒေါသတွေနဲ့အတူနိုးထလာရတယ်။
သူ့လိုလူက မိန်းမလှလေးတွေနဲ့နှစ်ပါးသွားနေတယ်ဆိုတဲ့ဟာမျိုးမက်ရမယ့်အစား ဘာကိစ္စ ယောက်ျားတစ်ယောက်ရဲ့ လက်ချောင်းတွေနဲ့ အနောက်ကနေနှိုးဆွပေးတာခံနေရတယ်ဆိုတဲ့ အိပ်မက်မျိုးမက်ရတာတုန်း .. အိပ်မက်မြစ်ဖျားခံရာကို တွေးတောဖို့တောင်မရဲတဲ့ ရှားချီအန်းရဲ့ ကြောက်ရွံ့စိတ်တွေဟာ တစ်နေ့ထပ်တစ်နေ့တိုးပွားလာတယ် .. သူ သိပ်မလုပ်ရတာကြလို့ သိပ်စုပုံနေပြီထင်တယ် .. ဒါက ရှီလင်နဲ့ဆိုင်တာတော့ မဖြစ်နိုင်ပါဘူး။
သူ့ကိုယ်သူ ပုံမှန်ပဲဆိုတာ သက်ပြေနိုင်ဖို့ လင်းယုထင်နဲ့ အမြန်ဆုံးအိပ်နိုင်မှရမယ် .. ဒါပေမယ့်လဲ ရှီလင်ဝင်ရှုပ်လို့ ဖြစ်သွားတဲ့ ကန်နံဘေးကအဖြစ်အပျက်အပြီးမှာ အတူတူအိပ်ဖို့ဆိုတာဝေး .. လင်းယုထင်က သူ့ကို ပေးတောင်မနမ်းတော့တဲ့ အခြေအနေရောက်သွားတယ် .. ဒီလိုဖြစ်နေမှပဲ သူကလဲ အလျင်လိုပြီး တအားပူလောင်နေပြီ .. သူ လင်းယုထင်အပေါ် အချိန်အများကြီးပေးပြီး မင်းသမီးလေးလို ဆက်ဆံခဲ့မိတာကို နောင်တရမိတယ် .. ခုကျတော့ ဘာပြန်ရလို့လဲ .. ပေးတောင်မနမ်းဘူး .. ချီးပဲ။

"ရှားချီအန်း"

သူ နာမည်ခေါ်လိုက်တဲ့ ရင်းနှီးတဲ့အသံကြောင့် ကြည့်လိုက်တော့ ကျန်းချင်းချင်း .. ဒင်းက ဘာတုန်း .. စိတ်ရှုပ်နေရတဲ့ကြားထဲ .. အာ နေပါဦး .. ခု လင်းယုထင်နဲ့ မစမ်းရလဲ ကျန်းချင်းချင်းရောက်လာပြီပဲ .. ဒီကလေးမ အရင်တုန်းက သူ့ကို အသေကြိုက်တာကြီး .. သူ့ပဲ စွဲလိုက်ရင်ကောင်းမလား .. သူ စွဲဆောင်ဖို့ စကားတောင် မစလိုက်ရသေးဘူး .. ကျန်းချင်းချင်းဆီက အရင်အသံထွက်လာတယ်

ကိုလူလည်ရဲ့ သားကောင်ငယ်{မြန်မာဘာသာပြန်}Donde viven las historias. Descúbrelo ahora