အခန်း(၁)-၅

13.6K 1.5K 77
                                    

Uni version:

"ချီး ရှီလင် .. မင်း ငါ့ကိုချောက်ချရဲတဲ့ကောင် .. ထွက်လာခဲ့"

ရှားချီအန်း ပါးစပ်က အော်လဲအော် .. အဆောင်တံခါးကိုလဲ ကန်ဖွင့်လိုက်ပြီး ဝင်လိုက်တယ် .. ကားပြိုင်ပွဲအကြောင်း အာပေါင်အာရင်းသံသံပြောဆိုနေကြတဲ့ လော့ရှုအိုင်နဲ့တိုင်ရှောင်းချန်တို့လဲ အလန့်တကြားဖြစ်သွားပြီးမှ သူ့ဆီပြေးလာပြီးမေးကြတယ် ..

"ချီအန်း .. ဘာများဖြစ်လို့တုန်းဟ"

"ဒီ ငနာကောင် ငါ့ကို လာကစားရဲတယ် .. မနေ့က သူ့ကိုကျွေးလိုက်တဲ့ကြက်သားကို မစားဘဲနဲ့ ဆရာဝမ်ဆီ ငါက ကျွေးခိုင်းပါတယ်ဆိုပြီး သွားပေးလိုက်တယ်လေ"

ချီအန်း ဒေါသတကြီး ရှီလင့် ကို လက်ညိုးထိုးပြီးပြောလိုက်တယ် .. ဒီကောင် ငါ့ကို အသေသတ်ဖို့ကြံနေတာ .. သူ အပြစ်ကင်းတဲ့အကြောင်း ဘယ်လောက်ပဲ ရှင်းပြရှင်းပြ ဆရာဝမ်က သူ့ကိုမယုံကြည်တဲ့အပြင် စည်းကမ်းထိန်းသိမ်းဆောင်ကိုသွားပြီးတောင် တိုင်လိုက်သေးတယ်။
ချီအန်း ပြောတာလဲကြားရော ကျန်နှစ်ယောက်က တစ်ပြိုင်နက်

"ရှီလင် .. မင်းက ဝံသည်းနဲ့ ကျားသစ်သည်းခြေစားထားတာလား .. အဲ့ဒါကြောင့်မို့ မင်း အကြောက်အလန့်မရှိ ချီအန်း ကို မင်း .. ဟမ် .. ကစားရဲတယ်ပေါ့"

ရှီလင် က

"အို .. ငါလဲ ဘယ်သိပါ့မလဲ .. မင်းတို့က ဒီလိုစိုးယုတ်တဲ့နည်းကို ရက်ရက်စက်စက် သုံးထားလိမ့်မယ်လို့လေ .. အရှက်မရှိချက်များ"

သူတို့မို့ ဒီလိုပြောရဲသေးတယ် .. အဲ့ထဲ ဆေးထည့်တာ သူတို့လက်ချက်မဟုတ်တဲ့အတိုင်း .. သူ့ကို ချောက်ချချင်လို့ အရင်စတဲ့ဇာတ်လမ်းလေ .. ခုကျတော့ ခွေးတွေလိုပဲ ဝိုင်းဟောင်နေလိုက်ကြတာများ .. မှတ်ထား .. ငါက ငါ့ကိုထိရင် အဲ့အတိုင်းပြန်တုံ့ပြန်တတ်တယ်ဆိုတာ။

"သောက်ချီး .. ကြမ်းပြင်ပေါ်ဒူးထောက်ပြီး ခွင့်လွတ်အောင်တောင်းပန်တဲ့အထိ ငါက မင်းကို မဆုံးမနိုင်ဘူးဆိုရင် ငါ့မျိုးရိုးနံမည်က ရှား မဟုတ်တော့ဘူး"

ပြောပြောဆိုဆိုပဲ သူဟာ ထိုင်ခုံကိုမပြီး ရှီလင့် ကို ကောက်ပေါက်ဖို့ရွယ်လိုက်တယ် .. ကံကောင်းစွာနဲ့ပဲ ကျန်နှစ်ယောက်က တားလိုက်နိုင်လို့ပေါ့။

ကိုလူလည်ရဲ့ သားကောင်ငယ်{မြန်မာဘာသာပြန်}Where stories live. Discover now