အခန်း(၃ )-၂

12.3K 1.3K 39
                                    

Uni version:

သံသယအပြည့်နဲ့ အဆောင်မှာပြန်ရောက်နေတဲ့ ရှားချီအန်းဟာ ရှီလင်ဝင်လာတာနဲ့တစ်ပြိုင်နက် အပြေးသွားပြီး မေးခွန်းတွေ ပလုံစီအောင်မေးတယ်

"မင်းပြောတော့ ကျန်းချင်းချင်းနဲ့မသိဘူးဆို .. အဲ့ဒါကို ဘာတွေပြောခဲ့ကြတာတုန်း"

ရှီလင်က အေးစက်စက်နဲ့  .. "မင်းသိစရာမလိုဘူး"

"အဲ့လိုလား .. မပြောလဲရတယ် .. သိပြီးသား .. ကျန်းချင်းချင်းရဲ့ ဒီသခင်လေးအပေါ်ကို မမေ့ပျောက်နိုင်တဲ့အ​ချစ်ရယ် .. ငါ့အချစ်တွေပြန်ရဖို့ မင်းကို အကူအညီတောင်းတဲ့အကြောင်းရယ် .. ဒါပဲနေမှာ"

ပြောရင်း သူ​မှန်းတာ မှန်တယ်မလားဆိုတဲ့ပုံနဲ့ ဂုဏ်ဆာတဲ့အပြုံးကလဲ ပြုံးနေသေးတာ

ရှီလင်ရဲ့တုန့်ပြန်ပုံကတော့ အေးစက်စက်ပဲ

"မင်းက ကြပ်မပြည့်တဲ့ကောင်လား"

ဒီမေးခွန်းဟာ ရှားချီအန်းကို အင်အားပြင်းတဲ့ မုန်တိုင်းတစ်ခုအသွင်ကူးပြောင်းသွားစေတယ်

"မင်းကများ ဒီဆရာကို ကြပ်မပြည့်ဘူးပြောရဲသေးတယ် .. အသက်မရှင်ချင်တော့ဘူးလား"

ဒါကို ရှီလင်က ဂရုမစိုက်ပဲ သူ့အပေါ်ထပ်ကိုချွတ်ပြီး အိပ်ယာပေါ်တက်အိပ်လိုက်တယ်

ရှီလင့်ရဲ့ အပြုအမူကြောင့် သူပိုစိတ်တိုလာတယ် .. ဒါပေမယ့်လဲ မနက်က ကြံစည်ထားတဲ့ အကြံမအောင်သေးတာမို့ ကြိတ်ခံရုံကလွဲပြီး ဘာမှမတတ်နိုင်ဘူး .. မပြုံးချင်ပြုံးချင်နဲ့ ခက်ခက်ခဲခဲအစွမ်းကုန်ပြုံးထားလိုက်ရင်း

"ဒါဆိုလဲ မနက်က ငါတို့လုပ်လက်စ မပြီးသေးဘူးလေ .. ဆက်ပြိုင်ကြရအောင်"

ဟင်း .. ခွေးမသား .. စောင့်ကြည့်နေလိုက် .. ဒီဆရာက မင်းကို ပစ်ထုတ်သွားအောင် လုပ်နိုင်တဲ့အချိန်ကျ မင်း ကြွနိုင်ဦးမလား ကြည့်မယ်

ရှီလင် .. "ငါ အိပ်တော့မလို့ .. မင်းကိစ္စကို စိတ်မဝင်စားဘူး"

သူ့ဘက်တောင် တစ်ချက်လှည့်မကြည့်ဘဲ Mask ချွတ်ပြီးတာနဲ့ အိပ်ယာပေါ်လှဲချလိုက်တော့တယ်

ကိုလူလည်ရဲ့ သားကောင်ငယ်{မြန်မာဘာသာပြန်}जहाँ कहानियाँ रहती हैं। अभी खोजें