အခန်း(၅)-၁

16.4K 1.2K 38
                                    

Uni version:

ထစ်ချုန်းရွာနေတဲ့ မိုးက တစ်မြို့လုံးကို လွှမ်းခြုံထားတယ် .. သည်းနေတဲ့ မိုးရေတွေအောက်မှာတော့ ရှီလင့်လက်ကိုဆွဲပြီး လူသူရှင်းနေတဲ့လမ်းကြားလေးဆီ ဦးတည်နေတဲ့ ရှားချီအန်းကိုတွေ့နိုင်တယ် .. လမ်းကြားလေးထဲရောက်တာနဲ့ ရှီလင် ဘာမှမမေးရသေးခင် .. သူ့မျက်နှာဆီ ရှားရှီအန်းရဲ့ လက်သီးချက်ကျလာတယ်

"ခွေးသား .. မင်းကို အသေသတ်မယ်"

ကျန်းချင်းချင်းကို နမ်းဖို့လုပ်နေတဲ့ ရှီလင့်ပုံက သူ့ ဒေါသတွေကို ပွက်ပွက်ဆူလာစေတယ်

ရှီလင် .. "မင်း .. ကြောင်နေလား"

သူကလဲ ရှားချီအန်းကို ပြန်ထိုးတယ် .. ထိုးတာမှ အားအကုန်သုံးပြီးတော့ကို နည်းနည်းမှ မညှာပဲထိုးတာ

ရှားချီအန်း .. "အေး .. ဟုတ်တယ် .. မင်းကြောင့်ပဲ ငါရူးနေပြီ"

ပြောရင်း မြေကြီးပေါ်ကနေ ကုန်းရုန်းထပြီး ရှီလင့်ဆီ တစ်ဟုန်ထိုး ပြေးဝင်သွားပြန်တယ် .. ဟုတ်တယ် .. ငါ ကြောင်သွားပြီ .. မျှော်လင့်မရှိလောက်အောင် စုံလုံးလဲ ကန်းနေပြီ .. အဲ့ဒါ အားလုံး ဒီခွေးသားကြောင့် .. မင်းပဲ ငါ့ကို ဒီလို ရူးအောင်လုပ်တာ။

သူတို့နှစ်ယောက်ဟာ သွေးဆာနေတဲ့ သားရဲနှစ်ကောင်လိုပဲ မိုးရေထဲမှာ သည်းကြီးမည်းကြီးကို ချနေကြတယ် .. ဒီနေ့ အဖို့တော့ ရှားချီအန်းက မျှော်လင့်ချက်ကင်းမဲ့နေတဲ့သူလိုပဲ .. နာကျင်လို့ နာကျင်ရမှန်းလဲ မသိတော့ဘူး .. လဲကျလိုက် ပြန်ထလိုက်နဲ့ ရှီလင့်ကို ကြောက်စရာကောင်းလောက်အောင်ကို တိုက်ခိုက်နေတယ်။

နောက်ဆုံးမှာ သူတို့နှစ်ယောက်စလုံး ခြေကုန်လက်ပန်းကျသွားကြတယ် .. မြေပေါ်လဲကျသွားတဲ့ ရှားချီအန်းဟာ ပြန်ထဖို့တောင် အားမရှိတော့ဘူး .. ရှီလင့် အခြေအနေလဲ သူနဲ့မကွာဘူး .. လေကို မောကြီးပန်းကြီးရှိုက်ရှူနေရတယ်။

သူတို့ ခဏငြိမ်ပြီး အမောပြေသွားတဲ့နောက် ရှီလင်က ဆက်မတိုက်တော့ဘဲ ထွက်သွားဖို့ပြင်လိုက်တယ်

ရှားချီအန်း .. "မသွားနဲ့ .. ဒီနားကို လာဦး"

ရှီလင်က သူ့ဆီမလာပဲ ကျော်သွားဖို့လုပ်နေတာတွေ့တာနဲ့ ရှားချီအန်းက ရှီလင့် ရှေ့အင်္ကျီစကိုဖမ်းဆွဲပြီး Mask ကိုဆွဲချလိုက်တယ် .. ပြီးတာနဲ့ ရှီလင့်နှုတ်ခမ်းကို အငမ်းမရ စုပ်ယူလိုက်တော့တယ် .. ဒီတစ်ခါတော့ ရှီလင်က သူ့ကို တွန်းမထုတ်တဲ့အပြင် သူ့အနမ်းတွေကိုပါပြန်တုန့်ပြန်တယ် .. ရှားချီအန်းရဲ့ လျှာလေးကို သူ့ပါးစပ်ထဲအထိဝင်စေပြီး သူ့လျှာနဲ့ ခပ်ကြမ်းကြမ်းရစ်တွယ်တုတ်နှောင်လိုက်တယ်။

ကိုလူလည်ရဲ့ သားကောင်ငယ်{မြန်မာဘာသာပြန်}Where stories live. Discover now