အခန်း(၁)-၁

28.5K 1.7K 5
                                    

Uni version:

XX တက္ကသိုလ်ဆိုတာ တရုတ်ပြည်မှာ နာမည်အကြီးဆုံး ပထမတန်းစားတက္ကသိုလ်တစ်ခု နေ့နေ့ညည အဲ့ကိုတက်ခွင့်ရဖို့ကြိုးစားနေကြတဲ့ကျောင်းသားတွေဆိုတာ မနည်းမနော။မိဘတွေဆိုတာလဲ သူတို့သားသမီးတွေ အဲ့တက္ကသိုလ်မှာ တက်နေရတာကို သိပ်ဂုဏ်ယူတတ်ကြတာ။
ဒါပေမယ့် ရှီလင် က လုံးဝကို စိတ်မဝင်စားတာ။
XX တက္ကသိုလ်မှာကပ်ထားတဲ့ ဝင်ခွင့်ရကျောင်းသားစားရင်းကို အေးစက်စက်ကြည့်ပြီး
ပြတင်းပေါက်ဘက်ကိုပဲ ကြည့်နေလိုက်တော့တယ်။သူ့ အမေသာ သူလျှောက်ချင်တဲ့ကျောင်းကိုလျှောက်ခိုင်းခဲ့မယ်ဆိုရင် .. အတင်းဖိအားပေးပြီး ဒီတက္ကသိုလ်ကိုသာ ပြောင်းမလျှောက်ခိုင်း
ခဲ့ဘူးဆိုရင် .. ခုချိန် သူတက်ချင်တဲ့ ဂီတတက္ကသိုလ်မှာကျောင်းသားသစ်ဖြစ်နေပြီ .. ဒီမှာ နာမည်စာရင်းပါနေရမယ့်အစားပေါ့လေ။
အပြောင်းအလဲသိပ်မြန် .. သိပ်ချယ်လှယ်လွန်းတဲ့ သူ့အမေကိုစဥ်းစားမိလိုက်တာနဲ့ ရှီလင် ရဲ့မျက်ဝန်းတွေက အကူအညီမဲ့ပြီး မှုန်မှုန်မှိုင်းမှိုင်းအရောင်ဖြစ်သွားတော့တယ်။စဥ်းစားကြည့်ကြပါဦး .. ဘယ်သူကထင်မှာတုန်း .. သူ့ အမေက သူဝါသနာပါတဲ့ဂီတကို အတင်းကရောစွန့်လွတ်ခိုင်းပြီး အဲ့လောက်နှစ်တွေအများကြီး အချိန်တွေအများကြီးဖြုန်းပြီးမှရလာမယ့် သူလဲ စိတ်မဝင်စားတဲ့ ဥပဒေဘာသာကိုယူခိုင်းတာ သူ့အမေသိပ်ကြိုက်တဲ့ 'Genius' ဆိုတဲ့ TV Drama ကိုကြည့်ပြီးမှ ရလာတဲ့ အကြံဆိုတာလေ။
ရှီလင် ဟာ ဆင်းရမယ့်နေရာရောက်လို့ ရထားပေါ်ကဆင်းတာနဲ့ XX တက္ကသိုလ်က အသစ်ရောက်လာမယ့် ကျောင်းသားတွေအတွက် စီစဥ်ပေးထားတဲ့ ကျောင်းကားကို လှမ်းတွေ့လိုက်တယ် .. ဒါနဲ့ပဲ သူလဲ သူ့ခရီးဆောင်အိတ်ကိုမပြီး ကားပေါ်တက်လိုက်တော့တယ်။
သူတက်လာတာ မြင်လိုက်တာ ကျောင်းသားသစ်တွေကိုကြိုဆိုဖို့တာဝန်ကျနေတဲ့ စီနီယာတွေအားလုံး တစ်ခါတည်း လှည့်ကြည့်ကြတော့တာပဲ .. သူတို့ လှည့်ကြည့်တဲ့ပုံစံက ချဲ့ကားပြောရရင် သရဲတစ်ကောင်ကိုမြင်လိုက်ရတဲ့ ပုံစံမျိုးနဲ့လေ .. အဲ့လိုကြည့်ခံရတာ သိပ်တော့လဲ အံ့ဩစရာမရှိပါဘူး .. ဆောင်းထားတဲ့ ဦးထုပ်ကခပ်ငိုက်ငိုက် .. မျက်မှန်အမဲကြီးတပ် .. Mask တပ်ထားတဲ့အပြင် ခေါင်းအစခြေအဆုံးဘာမှ မပေါ်ရအောင် အပြည့်ဝတ်ထားတဲ့အင်္ကျီတွေပါထည့်ပေါင်းလိုက်ရင် တွေ့တိုင်းသူတိုင်းလန့်ဖြတ်သွားကြမှာပဲ။
ရှီလင် လဲ သူတို့ရဲ့ အံ့ဩဘနန်းအကြည့်တွေကို လစ်လျူရှုပြီး သူက ကျောင်းသားအသစ်ဖြစ်ကြောင်း မိတ်ဆက်ကာ တွေ့တဲ့နေရာတစ်ခုမှာပဲ ဝင်ထိုင်လိုက်တယ်။ပြီးခဲ့တဲ့အခေါက် သူရထားစီးတုန်းက သူ့ဘေးနားထိုင်တဲ့သူက တစ်လမ်းလုံး နှာချေလိုက် ချောင်းဆိုးလိုက်ဖြစ်နေတာမို့ ဒီတစ်ခေါက်ခရီးမှာ ဒီလိုဝတ်စုံပြည့်ဝတ်လာပြီး ကိုယ့်ဘာသာကိုယ်ကာကွယ်ထားရတယ် .. တကယ်ဆို သူ့အမေစကားနားထောင်ပြီး
ဒီလိုစုတ်ပြတ်နေတဲ့ရထား စီးခဲ့မယ့်အစား လေယာဥ်ပဲစီးလာလိုက်ရမှာ။
ကားပေါ်ကျောင်းသားသစ်တွေတစ်ယောက်ပြီးတစ်ယောက်တက်လာတယ် .. ရှီလင် ကလွဲလို့ လူတိုင်းသူတို့မိဘတွေကိုယ်စီနဲ့ပေါ့။သူ့အဖေရဲ့ စီးပွားရေးက နိုင်ငံခြားမှာ .. သူ့ အမေကျတော့လဲ
လိုက်ပို့ချင်ပေမယ့် သူ့အမေအကြောင်းကိုသိနေတဲ့ ရှီလင် က မလိုက်ပို့ခိုင်းတာမို့ ခုလိုတစ်ယောက်တည်းဖြစ်နေရတာပဲ .. ဟုတ်တယ်လေ .. ဘာတွေထလုပ်မယ် မမှန်းဆနိုင်တဲ့ သူ့အမေကြောင့် သူမျက်နှာတော့မပျက်ချင်ဘူးလေ။

ကိုလူလည်ရဲ့ သားကောင်ငယ်{မြန်မာဘာသာပြန်}Where stories live. Discover now